36 C
Yangon

ကလေး၀မြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားနိုင်၊ စစ်သားအလောင်း တစ်လောင်းနှင့် လက်နက် ၁ လက် သိမ်းဆည်းရမိ

Must read

ကလေး၀မြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားနိုင်၊ စစ်သားအလောင်း တစ်လောင်းနှင့် လက်နက် ၁ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ မတ် ၂၈

စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှုများပြားနိုင်ပြီး စစ်သားအလောင်း တစ်လောင်းနှင့် လက်နက် ၁ လက် သိမ်းဆည်းရမိကြောင်း ကလေး၀မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ ၊ ကြာပင်ရွာမှ ထွက်လာသော စစ်ကြောင်းကို ကလေးဝမြို့နယ် မုံရွာယာကြီးကလေးဝ ကားလမ်း သီးတုံးတံတား အနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ယာဉ်တန်း မိုင်းထိပြီး အသေအပျောက်များနိုင်ကြောင်း၊ စစ်ယာဉ်တန်း ထွက်ခွာပြီးနောက် သွားရောက် စစ်ဆေးရာ စစ်သား ၁ ဦး၏ အလောင်းနှင့် လက်နက် ၁ လက် အပါအဝင် ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

” စစ်ခွေးကားတန်းမိုင်းထိ အသေပျောက်များနိုင်ပါတယ်။ ခွေးအလောင်းတစ်လောင်းနဲ့ လက်နက်တစ်လက်အပါဝင် ပစ္စည်းတွေသိမ်းဆည်းရမိပါတယ်။ ကလေးဝမြို့နယ် ပ.က.ဖ ရင်း၅ က တိုက်ခိုက်တာဖြစ်ပါတယ်”ဟု ကလေး၀မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article