36 C
Yangon

က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများကို တိုက်ခိုက်မှု ၁ ဦး သေ ဆုံးပြီး ၁ ဦးဒဏ်ရာရရှိ

Must read

က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများကို တိုက်ခိုက်မှု ၁ ဦး သေ ဆုံးပြီး ၁ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ မတ် ၂၈

ပဲခူးတိုင်း၊ က၀မြို့နယ် ၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများ မတ်လ ၂၆ ရက် နေ့ တွင် တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသ ပြည်သူများက ပြောသည်။

မတ်လ ၂၆ ရက်နေ့ ညပိုင်း က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV သို့သွားရောက် ကြသည့် ရဲများကို တော်လှန်ရေးရဲဘော်များက တိုက်ခိုက်ကြောင်း၊ ရဲတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“အုန်းနှဲကျေးရွာမှာက အုပ်ကြီးစန်းမြင့်က KTV ဖွင့်ထားတာ။ အဲဒါ ရဲတွေက KTV ကိုလာရင်း တန် ၁၀၀ ဆန်စက်ဘက်မှာ အပစ်ခံရတယ်။ အုပ် ကြီး ဖွင့် ထား တဲ့ KTV မှာ စစ်ခွေးတွေ ရဲခွေးတွေက လာပြီး ပျော်မြူးနေလေ့ရှိတာ။ အဲဒါ လက် ပစ်ဗုံးနဲ့ပစ်ပြီး ဝင်ပစ်တာ။ အချက် ၂၀ ကျော်တယ်။ ရဲစခန်းမှူး အပါအဝင် ရဲ ခွေးတွေ အချို့ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်။ ရဲခွေးတစ်ဦးကတော့ ပွဲချင်းပြီးကို သေတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် က၀မြို့နယ်နှင့် သက္ကလမြို့တို့တွင် စစ်တပ်နှင့်ရဲ လုံခြုံရေး တိုးမြှင့် ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article