28 C
Yangon

ခင်ဦး၊ သရင်ပင်စုရွာမှ ထွက်ခွာလာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ခင်ဦး၊ သရင်ပင်စုရွာမှ ထွက်ခွာလာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရင်ပင်စုရွာမှ ထွက်ခွာလာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း KhinU Special force Organization KSO တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့တွင် ခင်ဦးမြို့နယ် သရက်ပင်စု ကျေးရွာ လင်းရောင်ခြည် ဘုန်းကြီးကျောင်းတွင် ၃ ရက်တာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်ပင်စုရွာမှ ယာတော်ကျေးရွာဘက်သို့ ထွက်ခွာလာစဥ် ရှေ့ပြေးစစ်သား ၁၀ ဦးကို KSO တပ်ဖွဲ့က ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၅ ကောင်သေတယ်။ ကျွန်တော်တို့ ရဲဘော်များတွေကို ဝိုင်းပိတ် ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်။ ကျွန်တော်တို့ ပြန်ဆုတ်ချိန်မှာ ရဲဘော် ၁ ဦး နှလုံးအမောဖောက် အားနည်းလို့ ဆေးကုသမှု ခံယူရတာရှိတယ်” ဟု KhinU Special force Organization KSO တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပထ စစ်ကြောင်းသည် ယနေ့ညပိုင်းတွင် သရက်ပင်စုကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်းတို့၌ ပြန်လည် ဝပ်ကျင်း နေရာယူခဲ့ကြောင်း၊ ရေဦးမြို့မှ စစ်သားများသည် ယမန်နေ့က ကား၂ စီးဖြင့် မြင်းဒေါင်းကျေးရွာ ရှိပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး ယနေ့ မွန်းလွဲပိုင်းတွင် ကား ၃ စီးဖြင့် ပြည်သူပိုင် ပစ္စည်းများအား ရေဦးမြို့ပေါ်သို့ ခိုးယူ သယ်ဆောင်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article