28 C
Yangon

စစ်ကိုင်းမှ ပြည်သူ ၆၀ နီးပါးကို ခေါင်းဖြတ် သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ခမရ ၇၀၈ တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင် ဦးဆောင် ကျူးလွန်

Must read

စစ်ကိုင်းမှ ပြည်သူ ၆၀ နီးပါးကို ခေါင်းဖြတ် သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ခမရ ၇၀၈ တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင် ဦးဆောင် ကျူးလွန်

■ မုန်တိုင်ပင်ကျေးရွာမှ ၂၉ ဦး ၊ တာတိုင်ရွာမှ ၁၇ ဦး ၊ လက္ကာကျေးရွာမှ လူငယ် ၇ ဦး ၊ PDF ၄ ဦးတို့ အပါအဝင် အနည်းဆုံး ၅၇ ဦးကို သတ်ဖြတ်ခဲ့

ရန်ကုန်၊ မတ် ၂၄

အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ တိုက်ကြီးမြို့နယ်အခြေစိုက် ခမရ ၇၀၈ မှ ဒုတိယဗိုလ်မှူကြီး ထွန်းလင်းအောင် ဦးဆောင်သော ဘီ လူး စစ်ကြောင်းက မုန်တိုင်ပင်ကျေးရွာမှ ၂၉ ဦး ၊ တာတိုင်ရွာမှ ၁၇ ဦး ၊ လက္ကာကျေးရွာမှ လူငယ် ၇ ဦး၊ PDF လူငယ် ၄ ဦး အပါအဝင် ပြည်သူ ၆၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုများ ကျူးလွန်ခဲ့သည့် စစ်ကြောင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ခမရ ၇၀၈ က ကျူးလွန်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

=====================================

အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အုပ်ချုပ်ရေး‌ ကြေညာ ပြီးနောက် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင် ဦးဆောင်သည့်စစ်ကြောင်းကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲ စေလွှတ်ခဲ့ပြီး တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးကို သတ်ဖြတ်မှု ၊ ကန်တော်ကျေးရွာတိုက်ပွဲမှ PDF ရဲဘော် ၄ ဦးကို ခေါင်း ဖြတ် သတ်မှု ၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ မြင်းမူမြို့နယ်၊ လက္ကာ ကျေး ရွာတွင် ပြည်ကြီးတံခွန် ဆရာတော်ကို ဖမ်းဆီးခြင်း (သတ်ဖြတ်ခံလိုက်ရ ပြီဟု သိရှိရ) ၊ လူငယ် ၇ ဦးကို သတ်ဖြတ်၍ မြစ်ထဲသို့ အလောင်း များ မျှော လိုက်ခြင်း စစ်ရာ ဇဝတ်မှုများ ကျူးလွန်ခဲ့သည်။

ယင်း ခမရ ၇၀၈ စစ်ကြောင်းသည် ၂၀၂၂ ခုနှစ် မေလအတွင်း မုန်တိုင်ပင် ကျေး ရွာမှ ပြည်သူ ၃၀ နီးပါးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သော စစ် ကြောင်း ဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင် ဦးဆောင်ခဲ့ကြောင်း အမျိုး သား ညီညွတ်ရေးအစိုးရ၊ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တရားဝင် သတင်း ထုတ်ပြန်သည်။

လူသတ် စစ်ကြောင်းမှာ ဘယ်သူတွေပါဝင်နေလဲ

===========================

စစ်ကိုင်းတိုင်း မြေပြင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆို ချက် အရ ခမရ ၇၀၈ တပ်ရင်း၏ ဘီလူးစစ်ကြောင်းတွင်

၁- ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင်

၂- ဗိုလ်မှူး ရောင်ခြည်ဦး

၃-ဗိုလ်မှူး သန့်ဇင်

၄-ဗိုလ်ကြီးအောင်ဟိန်းဦး

၅-တကပ်ကြပ်ကြီးဇော်ဌေး

၇-ဒုတပ်ကြပ်ကြီး ဌေးလွင်ဦး

၈-တပ်သား ရဲလွင်ဦး

၉-တပ်သား သန်းဇော်

၁၀-တပ်သား ရဲမင်းပိုင်

၁၁-တပ်သား ဖိုးကျော်ရင်

၁၂-တပ်ကြပ်မျိုးဇော်

၁၃-တပ်ကြပ် ကြည်ငြိမ်း

၁၅-ဒုတပ်ကြပ်ဆန်းဦး

၁၆-ဒုတပ်ကြပ် ထွန်းထွန်းနိုင်

၁၇-တပ်သားမျိုးလှိုင်ထွေး

၁၈-တပ်သား အောင်ကျော်သူ

၁၉-တပ်သားဇာနည်ထွန်း

၂၀- တပ်ကြပ် သိန်းဇော်

၂၁-ဒုတပ်ကြပ် ဆန်းထိုက်အောင်

၂၂-တပ်သားစံရွှေမြင့်

၂၃-တပ်သား အောင်ထိုက်

၂၄-တပ်သားညီညီစိန်

၂၅-တပ်သား သန့်ထွန်းအောင်

၂၆-ဒုတပ်ကြပ် ကျော်မင်းဒင်

၂၇-ဒုတပ်ကြပ်မောင်နိုင်

၂၈-တပ်သားနေဝင်းစိုး

၂၉-ခွဲတပ်ကြပ်လှထွန်းအောင်

၃၀-တပ်ကြပ်အီလျံ

၃၁-ဒုတပ်ကြပ်ရန်နိုင်

၃၂-တပ်သားခွန်မြင့်

၃၃-တပ်သားကျော်ထင်

၃၄-တပ်သားမျိုးကိုကို

၃၅-တပ်သားအောင်အောင်

၃၆-တပ်ကြပ်ကြီး တင်လှိုင်

၃၇-တပ်ကြပ်အေးလွင်

၃၈-တပ်ကြပ် ဆန်စွက်

၃၉-ဒုတပ်ကြပ်ဝင်းဇော်ဦး

၄၀-တပ်သား မောင်မောင်ကျော့်

၄၁-တပ်ကြပ်စိုးလင်း

၄၂-ဒုတပ်ကြပ်တင်ထွန်းဦး

၄၃-တပ်သားကျော်မင်းဆန်း

၄၅-တပ်သားရဲထွန်းနိုင်

၄၆-တပ်သားအောင်ကိုမင်း

၄၇-တပ်သား စောလင်း

၄၈-တပ်သားမျိုးထက်

၅၀-တပ်ကြပ်ကြီး သန်းအောင်

၅၁-တပ်ကြပ်ခင်မောင်ထွန်း

၅၂-တပ်သားအောင်အောင် (၁)

၅၃-တပ်သားလှမင်းနိုင်

၅၄-တပ်သား၀ိုင်းအောင်

၅၅-တပ်သားစိုးလွင်

၅၆-တပ်သားကျော်ထက်

၅၇-တပ်သားဇင်ကို

၅၈-တပ်ကြပ်ကြီးကျော်ထွန်း

၅၉-တပ်ကြပ်ဇော်မိုး

၆၀-တပ်ကြပ် လှိုင်ကြည်

၆၁-တပ်သားဇင်မင်းထက်

၆၂-တပ်သား မင်းမင်းဦး

၆၃-တပ်သား တင်ထွန်းအောင်

တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦး သတ်ဖြတ်ခံရမှု

=============================

စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦး အနက်မှ အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အမျိုးသား ၁၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်းတို့ကို စစ်တပ်က မတ်လ ၂ ရက်နေ့ တွင် ကျူးလွန်ခဲ့သည်။

တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးကို သတ်ဖြတ်ခဲ့သော စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းဖြစ်ပြီး တာတိုင်ကျေးရွာသို့ ဝင်ရောက်စီးနင်းခြင်းမပြုမီ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ ကန်တော်တိုက်ပွဲတွင် ဒဏ်ရာရထားသည့် PDF ရဲဘော် ၄ ဦးကို ရက်ရက်စက်စက်ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။

ယင်းနောက် မတ်လ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် ၊ တာတိုင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်။ မတ်လ ၂ ရက်နေ့ စစ်ကောင်စီဝင်များ တာတိုင်ကျေးရွာမှာထွက်ခွာသွားချိန်တွင်မူ တာတိုင်ကျေးရွာမှ ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်မိုင်ကယ်(ခ) ကိုကျော်ဇော၏ ရုပ် အလောင်းကို တွေ့ရှိခဲ့ပြီး ခေါင်း ခြေ၊ လက် စသည်များကို ဖြတ်တောက်၍ ဗိုက်ဖောက်ထုတ်ကာ ကိုယ်တွင်းကလီစာများကို ခန္ဓာကိုယ်ပေါ် တင်ထားခဲ့ခြင်းဖြစ်သည်။

PDF ရဲဘော် မိုက်ကယ်ကို သတ်ဖြတ်ပြီးနောက် တာတိုင်ကျေးရွာမှ ဒေသခံပြည်သူ ၁၇ ဦးကို မတ်လ ၂ ရက်နေ့ တာတိုင်ကျေးရွာမှာ ပြန်လည်ထွက်ခွာချိန်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းခံရသည့် ပြည်သူများမှ ဦးကျော်ကျော်၊ ဦးချစ်ကောင်း၊ ဦးကျော်စိုး၊ ဦးစိုးနိုင်၊ ဦးလင်း၊ ဦးထွန်း၊ ဦးအောင်အောင်၊ ကိုရဲလင်းအောင်၊ ဦးသိန်းထိုက်၊ ကိုဇော်ဖြိုး၊ ဦးကျော်မိုး(ခ) ဦးထီလာ၊ ကိုနိုင်လင်းအောင် (ခ) ရာဟု၊ ဦးဝင်းဌေး၊ ဒေါ်ပန်းသွယ်၊ဒေါ်ပန်းနွယ်၊ ဒေါ်ဆွေဆွေဦး တို့ဖြစ်သည်။

စစ်တပ်က ပြည်သူ ၇၀ ဦးကျော်ကို ဘုန်းကြီးကျောင်းထဲ ဖမ်းခေါ်ကာ စုစည်းပြီး ရိုက်နှက်ခဲ့ကြပြီး စစ်ကြောင်း ပြန်လည်ထွက်ခွာချိန်မှာ အားလုံး ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။ လွတ်လာချိန်တွင် အဖမ်းခံခဲ့ရသော ပြည်သူအားလုံး ကြောက်လန့် တုန်လှုပ်နေကြသည်။

ဖမ်းဆီးသွားသည့် ပြည်သူများထံမှ ကိုထွန်းထွန်း၊ ကိုစိုးနိုင်၊ ကိုကျော်စိုး၊ ကိုလင်းနှင့် ကိုကျော်ကျော်တို့၏ ရုပ်အလောင်းများကို မတ်လ ၂ ရက်‌နေ့ နေ့လယ် ၁၂ နာရီတွင် ညောင်ရင်းကျွန်းပေါ် သရက်ခြံအတွင်း တွေ့ရှိခဲ့ပြီး ညောင်းရင်းကျေးရွာထဲတွင်မူ ဒေါ်ပန်းသွယ်၊ ဒေါ်ပန်းနွယ်၊ ဒေါ်ဆွေဆွေဦး၊ ဦးသိန်းထိုက်၊ ဦးထီလာ၊ ဦးဇော်ဖြိုး၊ ဦးဝင်းဌေး၊ ဦးအောင်အောင်၊ ကိုရဲလင်းအောင်တို့၏ ရုပ်အလောင်းများကို မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျန် ဓားစာခံနှစ်ဦးဖြစ်သည့် ကိုနိုင်လင်းအောင်(ခ)ရာဟုနှင့် ဦးချစ်ကောင်းတို့၏ ရုပ်အလောင်းများကိုမူ မတ်လ ၂ ရက်နေ့ နံနက် ၁၁ နာရီတွင် တာတိုင်ကျေးရွာ၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျန် ဓားစာခံနှစ်ဦးဖြစ်သည့် ကိုနိုင်လင်းအောင်(ခ)ရာဟုနှင့် ဦးချစ်ကောင်းတို့၏ ရုပ်အလောင်းများကိုမူ မတ်လ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီတွင် တာတိုင်ကျေးရွာ၌ တွေ့ရှိခဲ့သည်။

မြင်းမူ၊ လက္ကာပင်ကျေးရွာမှ ပြည်ကြီးတံခွန်ဆရာတော် ပျောက်ဆုံးမှုနှင့် လူငယ် ၇ ဦး အသတ်ခံရမှု

===========================================

စစ်ကိုင်း၊ မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂဝံသ နှင့် လူငယ်တချို့ကိုလည်း စစ်တပ်စစ်ကြောင်းက ဖမ်းဆီးခဲ့ပြီးနောက် ပြည်ကြီးတံခွန် ဆရာတော်ကို စစ်တပ်က သတ်ဖြတ်လိုက်ပြီဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာကြောင်း သိရှိရသည်။

မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီမှစတင်၍ မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ သေနတ်များ ပစ်ခတ် ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာသူ ကျေးရွာသား ၂၀၀ ခန့် ပိတ်မိပြီး စစ် တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာအနီးရှိ PDF စခန်းများကို စစ်တပ်က လိုက်လံစီးနင်း ဖမ်းဆီး သတ်ဖြတ်မှုများ ရှိခဲ့ကာ ပြည်ကြီးတံခွန်ဆရာတော်နှင့် လူငယ်တချို့ပါ ဖမ်းဆီးခံရကြောင်း၊ လူငယ် တချို့ အသတ်ခံရပြီး အလောင်းဖျောက်ခံရကြောင်း၊ စစ်တပ်က သတ်ဖြတ်လိုက်သူများတွင် ပြည်ကြီးတံခွန် ဆရာတော် ပါ ပါဝင်သွားသည်ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သည်။

စစ်ကောင်စီက ပြည်ကြီးတံခွန်ဆရာတော်နှင့်အတူ ဖမ်းဆီးရမိသော လူငယ်များကို ရိုက်နှက် ပစ်ခတ် သတ်ဖြတ်ပြီး မြစ်ထဲသို့ အလောင်းများ မျှောချလိုက်ကြောင်း၊ အနည်းဆုံး လူငယ် ၇ ဦးထက်မနည်း အသတ်ခံရပြီး အလောင်းတချို့ ပြန်လည် ရရှိထားကြောင်း သိရှိရသည်။

မုန်တိုင်ပင်ကျေးရွာမှ ပြည်သူ ၂၉ ဦးကို စစ်တပ်က သတ်ဖြတ်ခြင်း

======================================

၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့နှင့် မေလ ၁၂ ရက်အကြားတွင် ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာမှ ပြည်သူ ၂၉ ဦးကို စစ်တပ်က ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သည်။ မုန်တိုင်ပင်ရွာမှ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ကြသူများမှာ တိုက်ကြီး မြို့နယ် အခြေစိုက် ခြေမြန် တပ်ရင်း(ခမရ) -၇၀၈ မှ တပ်သားများ ဖြစ်ပြီး အမိန့်ပေးကွပ်ကဲသူမှာ ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းအောင်ဖြစ်သည်။

အကြမ်းဖက်မှုကြောင့်သေဆုံးသူအမျိုးသား – ၂၉ ဦးရှိခဲ့ပြီး ၁၉ ဦးကို မုန်တိုင်ပင်ရွာတွင် ပြန်လည်ရှာတွေ့ခဲ့ပြီး ကျန် ၁၀ ဦးကို အင်ပင်ရွာတွင် ပြန်လည်တွေ့ရှိခဲ့ရသည်။

ဓာတ်ပုံ- တာတိုင်ကျေးရွာမှ ပြည်သူများကို အစုလိုက် အပြုံလိုက် စစ်တပ်က သတ်ဖြတ်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article