28 C
Yangon

ဆားလင်းကြီးမြို့ပေါ်၌ တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ မြိုင်နှင့် ရွှေဘိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ဆားလင်းကြီးမြို့ပေါ်၌ တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ မြိုင်နှင့် ရွှေဘိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ စက်မှု ၁ အထည်စက်ရုံ၌ တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဓားမဆိုင်းတပ်မတော် D.M.S.A မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဆားလင်းကြီးမြို့ပေါ်ရှိ စက်မှု ၁ အထည်စက်ရုံ၌ တပ်စွဲထားသော စစ်သားများနှင့် ပျူစောထီးများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ၁၀၀ မမ ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်တပ်ရင်း (၂၈) ဓားမဆိုင်း တပ်မတော် D.M.S.A မှ ဦးဆောင်ကာ Salingyi Generation People Defence Force၊ ခွပ်ဒေါင်းနီ ပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Myaing Warriors တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့တွင် မြိုင်မြို့နယ် တောင်ပိုင်းသို့ စစ်ကြောင်းထိုး လာသည့်လ တပ်မ ၁၀၁ လက်အောက်ခံ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက Drone ၁၅စီး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်ကို Myaing Warriors တပ်ဖွဲ့၊ MRDF၊ Hero New Gz၊ Black Cheetah၊ ကျားသစ်နက်တပ်မတော် တပ်ခွဲ ၇၊ ဓါးမင်းကြီးတပ်ဖွဲ့၊ လင်းယုန်ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက စုပေါင်းဟတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး အင်အားစုများမှ Drone ၁ စီး ဆုံးရှုံးကာ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ စစ်သားများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ စစ်သား နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိနစ် ၂၀ ခန့် ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကိူ မန္တလေးခရိုင် အမှတ်‌ ၄ တပ်ရင်း၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ MDF shwe bo၊ ဗိုလ်ကျားရိုင်း နှင့် ဗိုလ်ဂျပန်ကြီး TTT မဟာမိတ်တပ်များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article