28 C
Yangon

တနင်္သာရီတွင် စစ်တပ်ထောင်ထားသော မိုင်းနင်းမိ၍ စစ်တပ်မိသားစုဝင် အမျိုးသမီး ၁ ဦး ခြေထောက်ပြတ်၊ ဒီးမော့ဆိုတွင် လက်နက်ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ နေအိမ်များ ပျက်စီး

Must read

တနင်္သာရီတွင် စစ်တပ်ထောင်ထားသော မိုင်းနင်းမိ၍ စစ်တပ်မိသားစုဝင် အမျိုးသမီး ၁ ဦး ခြေထောက်ပြတ်၊ ဒီးမော့ဆိုတွင် လက်နက်ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ နေအိမ်များ ပျက်စီး

ရန်ကုန်၊ မတ် ၁၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ စစ်တပ်ထောင်ထားသော မိုင်းနင်းမိ၍ စစ်တပ် မိသားစုဝင် အမျိုးသမီး ၁ ဦး ခြေထောက်ပြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် တနင်္သာရီမြို့နယ်၊ ညောင် ပင် ကွင်းကျေးရွာ ၅၆၁ တပ်ရင်းအနီး ထောင်ထားသော မိုင်းနင်းမိ၍ အသက် ၄၇ နှစ် ဒေါ်အေးမူ၏ ခြေထောက်ပြတ်သွားကြောင်း၊ ဒေါ်အေးမူက သီဟိုစေ့လာယူရာမှ မိုင်းနင်းမိခြင်းဖြစ်ပြီး ဒေါ်အေးမူ၏ သားမက်ဖြစ်သူ ၅၆၁ တပ်ထဲတွင် အမှုထမ်းနေကြောင်း သိရှိရသည်။

အလားတူ မတ်လ ၁၄ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာတွင်စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲကြောင်း၊ လက်နက်ကြီး‌ကျရောက်ပေါက်ကွဲမှုကြောင့် ကျေး ရွာအတွင်းရှိ နေအိမ်တချို့ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article