29 C
Yangon

တန့်ဆည်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ စစ်သားနှင့်ပျူစောထီး ၉ ဦးထက်မနည်းသေဆုံးဟုဆို

Must read

တန့်ဆည်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ စစ်သားနှင့်ပျူစောထီး ၉ ဦးထက်မနည်းသေဆုံးဟုဆို

ရန်ကုန်၊ မတ် ၁၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တန့်ဆည်PDF ရွှေဘိုခရိုင်တပ်ရင်း၇တို့ တိုက်ပွဲ၃ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၉ ဦးထက်မနည်း သေဆုံးကြောင်း တန့်ဆည်PDFထံမှ သိရသည်။

ယနေ့ မတ်လ၁၅ရက် နံနက်၅ နာရီခန့်အချိန် တန့်ဆည်-ကာဘိုး-ရွှေဘိုလမ်း၊ ရွှေလမ်းဆုံမှ ကုန်တင်ကား၂စီး ဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီး အင်အား၃၀ခန့်ကို ရွှေဘိုခရိုင်တပ်ရင်း၇ ရဲဘော်များက ပဒေ သာ မိုင်းဆွဲ၍ လက်နက်ငယ်များ၊ ၄၀မမ လက်နက်ကြီးတို့ဖြင့် ၁ဝမိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူ‌စောထီး ၄ဦးထက်မနည်း သေဆုံးပြီး PDFရဲ‌ဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တန့်ဆည်မြို့မှ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသော ခမရ-၃၆၁ စစ်ကောင်စီတပ်ကို မတ်လ၁၃ရက် နံနက်၈နာရီခန့်တွင် ‌ရွှေဘိုခရိုင်တပ်ရင်း၇က ၄၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက် ပွဲ၁၅မိနစ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် အက်တောရွာ အနီးသို့ ရောက်လာသော စစ်ကောင်စီတပ်ကို မတ် လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တန့်ဆည်PDF ရွှေဘိုခရိုင်တပ်ရင်း ၇ က ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ် ရာရရှိသွားကြောင်း တန့်ဆည်PDF ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

“ဒီနေ့ စစ်ခွေးနဲ့ ပျူတွေပါလာတဲ့ ကားနှစ်စီးကို ကျနော်တို့ ပဒေသာမိုင်းဆွဲပြီး ပစ်ခတ်တာ အကျအဆုံးများတယ်။ ကားကို တရကြမ်းမောင်းပြေးပြီး ကာဘိုးရွာထဲကို ဝင်သွားတာ။ ၁၃ရက်နေ့တုန်းကလည်း တိုက်ပွဲတစ်ကြိမ်၊ မိုင်းဆွဲတာတစ်ကြိမ် ရှိခဲ့ပါတယ်။ မိုင်းကွင်းထဲဝင်လာတာကို ဆွဲလိုက်တာ ၃ကောင်သေပြီး ၂ကောင် ‌ခြေတွေလက်တွေပြတ်ကုန်တာ” ဟု ပြောသည်။

ဓာတ်ပုံ- တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article