28 C
Yangon

တန့်ဆည်၊ ပေါက်မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ ကရင်ပြည်နယ်တို့တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂၃ ဦးသေဆုံးပြီး BGF ၂ ဦး ဖမ်းမိ

Must read

တန့်ဆည်၊ ပေါက်မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ ကရင်ပြည်နယ်တို့တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂၃ ဦးသေဆုံးပြီး BGF ၂ ဦး ဖမ်းမိ

ရန်ကုန်၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် ကရင်ပြည်နယ်တို့တွင် စစ်သား ၂၃ ဦးသေဆုံးပြီး BGF ၂ ဦး ဖမ်းမိကြောင်း သိရှိရသည်။

တန့်ဆည်တွင် စစ်စခန်းကို လက်နက်ဖြင့် ပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံး

========================================

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ရွှေလန်ရွာတွင် အထိုင်ချထား​သော စစ်သားများနှင့်ပျူစောထီးများကို Myanmar Defense Force – Hydra Force (MDF-Hydra Force) ၊ GZ(ဓူဝံ) နှင့် ဝံသပါလ ကာကွယ်ရေးအဖွဲ့များက ၈၀ မမ၊ ၄၀ မမ ဖြင့် ပစ်ခတ်ရာ စစ်သား ၅ ဦးသေဆုံး ကြောင်း၊ နာရေးကားများဖြင့် စစ်သားအလောင်းများကို တန့်ဆည်ဆေးရုံတင်ဆောင်သွားကြောင်း Myanmar Defense Force – Hydra Force (MDF-Hydra Force) က သတင်းထုတ် ပြန် သည်။

ပေါက်မြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂ ဦးဒဏ်ရာရ

=====================================

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ဝန်ချုံးရွာမှ ပျူစောထီး၊ စစ်သား ပူး ပေါင်း စစ်ကြောင်းကို မတ်လ ၂ ရက်နေ့ မကွေးတောင်ပိုင်း ပြည်သူ ကာကွယ် ရေးတပ်ဖွဲ့ Southern Magway People’s Defense Force ၊ ပေါက်တောင်ပိုင်းပျောက်ကြားတပ်(SPGF)၊ ပြည်သူ့အားမာန်ကာကွယ်ရေး တပ်ဖွဲ့၊ MUGDF မဟာမိတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါကြောင်း သိရှိရသည်။

စဉ့်ကူးမြို့နယ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံး

========================================

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ဟင်္သာကြီးကျေးရွာအုပ်စု ရွာသာရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို မတ် လ ၆၊၇၊၈ ရက်နေ့များတွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ၁၃ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MDY-PDF က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၄၀ ၊ ၆၀ မမ လက်နက်ကြီးများနှင် ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ပြည်သူ့ရဲဘော်များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲကို မန္တလေးခရိုင်တပ်ရင်း(၃)၊ တပ်ခွဲ (၂) နှင် ဒရုန်းအဖွဲ့၊ ABRF (Arrawady Brothers Revolution Force) ၊ စဉ်းကူးမြို့နယ် ပကဖ၊ သပိတ်ကျင်းမြို့နယ် ပကဖ၊ ဝက်လက်တပ်ရင်း (၂) လျှပ်စီးတပ်ခွဲ၊ ဝက်လက်တပ်ရင်း (၁၅) ခွဲမှူးကောက်ရိုးနှင့် အဖွဲ့၊ တောကြီးမြွေပွေး ဗိုလ်တီအဖွဲ့၊ BB (Brave Brothers) ပျောက်ကျားအဖွဲ့၊ ယိန်းနွဲ့ပါး ပြောက်ကျားအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖာပွန်ခရိုင်ရှိ ကတိုင်တိ ရဲစခန်းနှင့်BGF စခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

==========================================

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ရှိ ကတိုင်တိ ရဲစခန်းနှင့်BGF စခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

မတ်လ ၅ ရက်နေ့ နံနက် ၂ နာရီအချိန် KNU တပ်မဟာ(၅)နယ်မြေ ကတိုင်တိကျေးရွာနယ်မြေရဲစခန်းကို KNLA တပ်မ‌ ဟာ ၅ လက်အောက်ခံ တပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူးနှင့် ရဲမေ စုစုပေါင်း ၂ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းနေ့တွင်ပင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF-၁၀၁၃ တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဘုရားသုံးဆူတွင် BGF တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးရမိ

=============================

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် စစ်တပ် လက် အောက်ခံ BGF တပ်ဖွဲ့ဝင် ၂ ဦးကို မတ်လ ၁၀ ရက်နေ့၊ နေ့လယ်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း BGF တပ်ဖွဲ့ဝင် ၂ ဦးကို ကော်သူလေးတပ်မတော်၊ စောအယ်လ်ဗွေ တပ်ရင်း ၁ က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၉ မမ အတို တစ်လက်၊ ကျည်ဆံ ၈ တောင့်၊ ဖုန်း ၂ လုံး၊ ပါဝါဘဏ်တစ်လုံး၊ WY စိတ်ကြွရူးသွပ်ဆေး ၁ ပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း Urban Missing Force(UG)က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- တောင်ပိုင်းတိုင်းစစ်ဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ရေးပြမှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article