29 C
Yangon

တောင်သာမြို့အဝင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

တောင်သာမြို့အဝင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၅

မန္တလေးတိုင်း၊ တောင်သာမြို့ ၊ မြို့အဝင်စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ဆေးရေးဂိတ်ရှိ စက်ကလေးတင်ထားသော ဘန်ကာပြိုကျ ပျက် စီးခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan District Drone Strike Teamမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၄ ရက်ညနေ ၃ နာရီခန့်ကအဆိုပါစစ်ဆေးရေးဂိတ်ကို ပေါက်ကွဲအားပြင်းသည့် ဗုံးသီးများ ကြဲချခဲ့ရာ စစ်ဆေးရေးဂိတ်ရှိ စက်လက် တင်ထားသည့်ဘန်ကာပေါက် ကျရောက်ပေါက်ကွဲပြီး ဘန်ကာပြိုကျပျက်စီးကာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စက်လက်ဘန်ကာပေါ်ကျတာ ၃ ကောင်သေတယ်၊ မနေ့က နေ့ခင်းပိုင်း ၃ နာရီကျော်ကျော်လောက် က ဆော်ခဲ့တာ” ဟု Myingyan District Drone Strike Teamမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သ တင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan District Drone Strike Team၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၁ ၊ 27 Revolution Forces၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ ၊ မြင်းခြံခရိုင် တပ်ရင်း အမှတ်၄ -NDF နှင့် Natogyi Regional Defense Force -NRDF က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article