29 C
Yangon

ဒီးမော့ဆိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ခုခံတိုက်ခိုက်မှု စစ်ကောင် စီဘက်မှ ၁၆ ဦးသေဆုံး ၊ ပြည်သူ ၁၅၀၀၀ ကျော် စစ်ဘေးကြောင့် ထွက်ပြေးနေရ

Must read

ဒီးမော့ဆိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ခုခံတိုက်ခိုက်မှု စစ်ကောင် စီဘက်မှ ၁၆ ဦးသေဆုံး ၊ ပြည်သူ ၁၅၀၀၀ ကျော် စစ်ဘေးကြောင့် ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၁၁

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကရင်နီဒေသမှ ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၆ ဦးသေဆုံးကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ် ပြန် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၀ ရက် နံနက် ၆ နာရီခန့်က ဒီးမော့ဆိုမြို့နယ်၊ ဒေါသဲရွာအနီးသို့ စစ် ကြောင်းထိုးလာသော စစ်တပ်ကို KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ တစ်နာရီခန့် ရင်ဆိုင်တိုက် ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၄ ဦးသေဆုံးကြောင်း သိရှိရသည်။

အလားတူ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမြေးရွာ၏ အရှေ့ဖက်တောင်ပေါ်သို့စစ် ကြောင်းချီတက်လာသော စစ်တပ် ကို ကရင်နီတပ်မတော်က စောင့်ကြို ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံး ပြီး ကရင်နီတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲထဲမှာတော့ ပြည်သူ့တော်လှန်ရေးတပ်သားတွေက ရှပ်ထိဒဏ်ရာရတာတော့ရှိပါတယ်၊ ဒီးမော့ဆိုပြောက်ကျားတပ်ဖွဲ့ တိုက်ခဲ့တာလည်း စစ်ကောင်စီ တပ် သားတွေ ထိခိုက်သေဆုံးတာရှိပေမယ့် ပြောက်ကျားတိုက်ခဲ့တာဆိုတော့ မသိရဘူး၊ ပစ်ပြီး ဆုတ်ပြေးလာခဲ့တာဆိုတော့” ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟို သတင်းထုတ် ပြန် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် မတ်လ ၁၀ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဘောလခဲမြို့နယ်ဘက်မှ တက်လာသော အကြမ်း ဖက် စစ်ကြောင်းတစ်ကြောင်းကို ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးအုပ်စု၊ ဒေါညေးခူရွာ၏ တောင်ဘက်၌ ဒီးမော့ဆိုမြို့နယ် ပြောက်ကျားတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှုရှိသော်လည်း အတိအကျမသိရကြောင်း၊ ပြောက်ကျားတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် စစ်ပွဲများဖြစ်ပွားနေခြင်းနှင့်အတူ စစ်ဘေးရှောင်များ ထွက်ပြေးရခြင်း၊ စစ်တပ်က အရပ်သား ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

မတ်လ ၉ ရက် နံနက် ၁၀ နာရီခန့်က ဒီးမော့ဆိုမြို့နယ်၊ ဒေါသဲရွာသား ၂ ဦးသည် လောပိတကျေးရွာ အုပ်စု၊ ဆိုလစယ်ရွာရွာသို့ မော်တော်ယာဉ်ဖြင့် သွား ရောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ထိပ် တိုက်တိုးမိပြီး ပစ်ခတ်ခဲ့ရကြောင်း၊ ပြည်သူ တစ်ဦးမှာ လွတ်မြောက်ခဲ့သော်လည်း ကျန်တစ်ဦးမှာ ပြန်လည်ရောက် ရှိလာခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် မတ်လ ၉ ရက် နံနက်ပိုင်းက ဘော်လခဲမြို့မှ ထွက်ခွာလာသော ခမရ ၄၂၉ တပ်ရင်းနှင့် အ မှတ် ၇၇ ခြေမြန်တပ်ရင်း ထုတ်နှုတ်အင်အား ၂၀၀ ခန့် သည် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးအုပ်စုဖက် သို့ ဦးတည်ထိုးစစ်ဆင်ရန် ပြင်ခဲ့သဖြင့် ဒေါတကြီးအုပ်စုကျေးရွာ ၇ ရွာမှ ပြည်သူလူထု ၅၀၀၀ ခန့်မှာ တနိုင်စာ ရိက္ခာနှင့် ပစ္စည်းများ သယ်ယူကာ စစ်ဘေးရှောင်နေရကြရကြောင်း သိရသည်။

“ဒေါတမကြီးအုပ်စုက အရင်က စစ်ဘေးမရှောင်ခဲ့ရဘူး၊ ရွာမှာပဲနေကြရတာ၊ အခုက ဘော်လခဲက တပ် အင်အား ၂၀၀ ကရောက်နေပြီ၊ ၁၀ တန်းစာမေးပွဲပြီးတာနဲ့ မြေပြင်ရော၊ လေယာဉ်ပါတိုက်မယ်ဆိုပြီး ကောလ ဟာလသတင်းတွေထွက်နေတော့ ပြည်သူတွေမနေရဲတော့ဘဲ တောတွေ၊ တောင်တွေထဲကို ထွက်ပြေး တိမ်းရှောင်နေကြရတာ၊ လက်ရှိစာရင်းအရ တစ်သောင်းခွဲကျော်နေပြီ” ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ် ပြန် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

လွန်ခဲ့သော မတ်လ ၇ ရက်နေ့ကလည်း ဘော်လခဲစစ်ဗျူဟာမှ အင်အား ၇၀ ခန့်ရှိ စစ်တပ် စစ်ကြောင်းက ဒေါတမကြီး အုပ်စုဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာခဲ့ပြီး လမ်း၌ တွေ့ရှိသည့် အမျိုးသမီးများ အပါအဝင် ပြည်သူ စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးကာ လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့ကြောင်း၊ နောက်ရက်တွင် အမျိုးသမီး ၁ ဦးနှင့် ကလေးငယ်၂ ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ပြည်သူ ၁၁ ဦးမှာ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိကြောင်း သိရသည်။

ဓာတ်ပုံ- ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article