36 C
Yangon

ဒီးမော့ဆို တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းအလိုက်ပြုတ်ပြီး အရာရှိနှင့် စစ် သား ၉၀ ကျော် သေဆုံးသည့် အနက်မှ စစ်သားအလောင်းတချို့၏ ဗီဒီယိုကို ထုတ်ပြန်၊ ရန်ကုန်ခေတ်သစ်၏တယ်လီဂရမ်တွင် ကြည့်ရှုနိုင်

Must read

ဒီးမော့ဆို တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းအလိုက်ပြုတ်ပြီး အရာရှိနှင့် စစ် သား ၉၀ ကျော် သေဆုံးသည့် အနက်မှ စစ်သားအလောင်းတချို့၏ ဗီဒီယိုကို ထုတ်ပြန်၊ ရန်ကုန်ခေတ်သစ်၏တယ်လီဂရမ်တွင် ကြည့်ရှုနိုင်

ရန်ကုန်၊ မတ် ၂၅

ကရင်နီပြည်နယ်၊ ဒီးမော့ဆို တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းအလိုက် ပြုတ် ပြီး အရာရှိနှင့် စစ် သား ၉၀ ကျော် သေဆုံးသည့်အနက်မှ သေဆုံးသူ စစ်သား တချို့ ဗီဒီယိုကို Kaya Generation Youth က ထုတ်ပြန်လိုက်ပြီး အဆိုပါ ဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏တယ်လီဂရမ် https://t.me/khitthitnews/107958 တွင် ကြည့်ရှုနိုင်ပါသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၉၀‌ ကျော် သေဆုံးပြီး လက်နက် ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း KNDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ မှစ၍ ကရင်နီပြည်နယ် ၊ ဘောလခဲမြို့ မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ် ကြောင်း ၃ ကြောင်း အင်အား (၃၃၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းကို ကရင်နီ ပူးပေါင်းတပ်များမှ ယနေ့ထိ ခုခံတိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲများ နေ့စဥ်ပြင်း ထန်ခဲ့ကြောင်း၊ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းဖြစ်သည့် ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများ မှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါ တမ ကြီး ကျေးရွာမျာထဲသို့ စတင်ထိုးစစ်ဆင်ဝင်ရောက်လာချိန်တွင် ကရင်နီ တပ်မတော် KA ၊ KNDF/B (10) ၊ KNDF/B (15) ၊ ဘောလခဲ PDF တို့ပူး ပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ပြီး နေ့စဥ် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

ဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များကို မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ (၅၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့များကို ကရင်နီပူးပေါင်းတပ်များက ချေမှုန်း တိုက်ခိုက်ခဲ့ ရာတွင် စစ်တပ်ပိုင် MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို (၅)လက် ၊ RPG (၂)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ များ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရမိကြောင်း သိရှိရသည်

ကရင်နီမဟာမိတ် တပ်ပေါင်းစုမှ KNDF မှ ရဲဘော် ၂ ဦး ၊ KA မှရဲဘော် ၂ ဦး ၊ နေပြည်တော် PDF မှ ရဲဘော် ၁ ဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း၊ မတ်လ (၉) ရက်နေ့မှစ၍ ယနေ့ထိဖြစ်ပွားနေဆဲ ဖြစ်သော ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ အထိနာ၍ ဘောလခဲ ၊ ဖရူဆို အခြေစိုက်တပ်များဖက်မှ နေ့စဥ် လက်နက်ကြီးများ ပစ်ကူခဲ့သည့်အပြင် ဂျက် လေယာဥ် ၊ ရဟတ်ယဥ် များဖြင့်လည်း နေ့စဥ်နီးပါး လာရောက်ပစ်ခက် တိုက်ခိုက်လျက်ရှိပြီး ကရင်နီတပ်ပေါင်းစုဘက်မှ ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း သိရှိရသည်။

“ဒေါတမကြီးရွာထဲမှာတစ်ကြောင်းနဲ့ တောင်ပေါ်မှာ တစ်ကြောင်းရှိတယ်၊ ကျ နော် တို့ဝင်တိုက်တဲ့အချိန် မှာ သူတို့က ရွာထဲကနေ ဆုတ်ခွာသွားတယ်၊ အခုက ဒေါတမကြီးရွာထဲကို လေယာဉ်နဲ့ ဗုံးကျဲပြီး ပြန်ဝင် နေရာယူထားတယ်၊ သေ ဆုံးသွားတဲ့ စစ်ခွေးတွေ အလောင်းအချို့ကိုတော့ သင်္ဂြိုလ်ပေးနိုင်ခဲ့တယ်၊ တချို့ အလောင်းတွေက စစ်ခွေးတွေနဲ့ ကျနော်တို့ကြားထဲမှာ ရှိနေတာ၊ သွားဆွဲ ထုတ်လို့မရဘူး၊ အခုသိမ်းပိုက်မိတဲ့လက်နက်တွေက သေသွားတဲ့ စစ် ခွေး တွေနဲ့ လက်နက်တွေ၊ ပစ္စည်းတွေ၊ အခုထိတိုက် ပွဲဆက်ဖြစ်နေတုန်းပဲ” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ထိမှန်မှု အပြင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ က မီးရှို့မှုများကြောင့် နေအိမ် (၁၀၀) ကျော် မီးလောင်ပျက်စီး ခဲ့သည်ဟု သိရှိရသည်။

ကရင်နီပြည်နယ်တွင် ထိုးစစ်ဆင်နိုင်သည့် တိုက်ပွဲများကို အရှိန်ကောင်း ကောင်း ဖြင့် ဖော်ဆောင်နိုင်ရန် ခဲယမ်းမီးကျောက်များ ဖြည့်တင်းရန် လိုအပ် နေ သောကြောင့် ပြည်တွင်း ၊ပြည်ပမှထောက်ပို့ ပြည်သူများအနေဖြင့် အလေး နက် ကူညီပေးကြရန် KNDF က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article