34 C
Yangon

ပေါက်မြို့နယ်ရှိ ကျေးရွာ၂ ရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်၊ ထန်းပေါက်ကုန်းရွာကိုလည်း စစ်ရဟတ်ယာဥ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်

Must read

ပေါက်မြို့နယ်ရှိ ကျေးရွာ၂ ရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်၊ ထန်းပေါက်ကုန်းရွာကိုလည်း စစ်ရဟတ်ယာဥ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်

ရန်ကုန်၊ မတ် ၉

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်သွားခဲ့ကြောင်း ပေါက်မြို့နယ်၊ ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြော ဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက် ၂ နာရီကျော်ခန့်အချိန် ပျဥ်းချောင်းရွာ ဘုန်းကြီး ကျောင်းတွင် ညအိပ်တပ်စွဲထားသည့် စစ်တပ် စစ်ကြောင်းက ညောင်ဝန်းရွာကို လက်နက်ကြီး လက်နက်များဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်း၊ ပြည်သူ ၂ ဦး ကို သတ်ဖြတ်သွားပြီး ရွာသာအေးရွာကို ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း၊ ရွာသာအေးရွာမှ ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။

” နံနက် အစောပိုင်းက ညောင်၀န်းရွာကို စစ်ခွေးတွေက လက်နက်ကြီး လက် နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးတယ်။ ပြည်သူ ၂ ဦးသတ်ဖြတ်ခံရတယ်။ ​ကျေးရွာအတွင်း အခြေအနေကို အခုထိ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေ ဝင်စီးချိန်က ပြည်သူအများအပြား ပိတ်မိနေပေမယ့် ကယ်ထုတ်နိုင်ခဲ့တယ်။ အခုစစ်ခွေး စစ်ကြောင်းက ရွာသာအေးရွာကို ရောက်နေပြီလို့ သိရတယ်။ ပြည်သူ ၃ ဦး ဖမ်းဆီးခံရတယ်။ ညောင်ဝန်းရွာနဲ့ ရွာသာအေးရွာက ကပ်နေတာ စစ်ခွေးစစ်ကြောင်းတွေက ရှိနေသေးတယ်ဆိုတော့ အခုထိ ရွာထဲက အခြေအနေတွေ အတည်မပြုနိုင်သေးဘူး” ဟု ပေါက်မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်က ပြောဆိုသည်။

ထို့ပြင် ပေါက်မြို့နယ် ထန်းပေါက်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန် စစ်ရဟတ်ယာဥ် ပစ်ခတ်ခဲ့ပြီး ပြည် သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

“ပေါက်မြို့နယ် မြောက်ပိုင်း ထန်းပေါက်ကုန်းရွာကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ စစ်ခွေးတွေက ရဟတ်ယာဥ်နဲ့ ပစ်သွားတာ ပြည်သူတစ်ဦး ပေါင်ထိမှန် ဒဏ်ရာ ရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article