36 C
Yangon

ဗြိတိန် Primark အထည် ကုန် အမှတ်တံဆိပ်က မြန်မာနိုင်ငံမှ ထွက်ခွာပြီး နောက် ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ ၂ ရုံ ပိတ်သိမ်းရ၊ အလုပ် သမား ၂၀၀၀ ကျော် အလုပ်ပြုတ်

Must read

ဗြိတိန် Primark အထည် ကုန် အမှတ်တံဆိပ်က မြန်မာနိုင်ငံမှ ထွက်ခွာပြီး နောက် ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ ၂ ရုံ ပိတ်သိမ်းရ၊ အလုပ် သမား ၂၀၀၀ ကျော် အလုပ်ပြုတ်

ရန်ကုန်၊ မတ် ၁

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ က စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ထားရာ ဗြိတိန် Primark အမှတ်တံဆိပ်က လည်း မြန်မာနိုင်ငံတွင် လက်ခပေး အထည်ချုပ်လုပ်ခိုင်းမှုများကို ရပ်ဆိုင်း လိုက် သဖြင့် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်မှ အထည်ချုပ်စက်ရုံ ၂ ရုံ ပိတ် သိမ်းလိုက်ရကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဗြိတိန် Primark အမှတ်တံဆိပ် အထည်များကို လက်ခ ယူ ချုပ်လုပ်နေသည့် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်မှ အထည် ချုပ် စက်ရုံ ၂ ရုံဖြစ်သည့် GTIGနှင့် Gysan စက်ရုံတို့ ပိတ်သိမ်းသွားကြောင်း၊ ယင်းစက်ရုံ ၂ ရုံတွင် အလုပ်သမား ၂၀၀၀ ကျော် အလုပ်လုပ်နေရာမှ အလုပ်ရပ် နားလိုက်ပြီဖြစ်ကြောင်း စည်းလုံးညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

” စီးပွားရေးပိတ်ဆို့မှုကြောင့် သူတို့ချုပ်တဲ့ Brand ဖြစ်တဲ့ Primark က ဒီက ထွက်သွားတာ။ စက်ရုံတွေကလည်း အော်ဒါ မရှိလို့ပိတ်လိုက်ရတာ။ အလုပ် သမား ၂၀၀၀ ကျော်ပါတယ်။ အလုပ်ရပ်နားသွားတာ” ဟု စည်းလုံးညီညွတ် သော သမဂ္ဂ များ အဖွဲ့ချုပ်မြန်မာ(STUM)မှ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိ တွင် စက်ရုံ ၂ ရုံမှာ အပြီး ပိတ်သိမ်းခြင်း (သို့မဟုတ်) ယာယီ ပိတ်သိမ်း ခြင်း လားဆိုသည်ကို စောင့်ကြည့်နေကြောင်း သိရှိရသည်။

“သူတို့ ယာယီပိတ်တာလား၊ အပြီးပိတ်တာလားလည်း သေချာမသိသေးဘူး။‌ စောင့်ကြည့်နေပါတယ်။ အခုတော့ နစ်နာကြေးတွေ ထုတ်ပေးနေတယ်။ စက်ရုံ ၂ ရုံကိုတော့ တရုတ်နိုင်ငံသားတွေပိုင်တာပါ။ ချုပ်တဲ့ Brand က EU Primark အထည်တွေကို ချုပ်ခဲ့တာ” ဟု စည်းလုံးညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် မြန်မာ (STUM)မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး စစ်တပ်၏ သတ်ဖြတ် လူ့အခွင့် အရေးချိုးဖောက်မှုများကြောင့် Primark အထည်အမှတ်တံဆိပ်က မြန်မာနိုင်ငံ ရှိ အထည်ချုပ်လုပ်ငန်းများတွင် လက်ခပေး အထည်ချုပ်လုပ် အပ်နှံမှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ကြေ ညာခဲ့ သည်။

ဓာတ်ပုံ- ယမန်နေ့ အလုပ်ပြုတ်သွားကြသည့် အလုပ်သမား ၂၀၀၀ ကျော်က နစ်နာကြေးနှင့် ရပိုင်ခွင့်များကို အထည်ချုပ်စက်ရုံတွင် လာရောက် ထုတ်ယူ နေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article