33 C
Yangon

မတ္တရာနှင့် စစ်ကိုင်းအစပ်တွင် ရွှေဂဲပြန်ကျေးရွာမှ အမျိုးသမီး ၁ ဦးကို စစ်တပ်က မုဒိမ်းကျင့် သတ်ဖြတ်ပြီး သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့

Must read

မတ္တရာနှင့် စစ်ကိုင်းအစပ်တွင် ရွှေဂဲပြန်ကျေးရွာမှ အမျိုးသမီး ၁ ဦးကို စစ်တပ်က မုဒိမ်းကျင့် သတ်ဖြတ်ပြီး သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့

ရန်ကုန်၊ မတ် ၁၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ရွှေဂဲပြန်ကျေးရွာမှ အိမ်ထောင်သည် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးကိုလည်း စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကောင်းကင် တော်လှန်ရေး အင်အားစုက တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့အထိ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းခဲ့သော အကြမ်းဖက် စစ်တပ်က ရွှေဂဲပြန် ကျေးရွာမှ အိမ်ထောင်သည် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ပိုဝကျေးရွာမှ ပြည်သူ ၁ ဦး၊ မြွေခလ ကျေးရွာမှ ပြည်သူ ၁ ဦးနှင့် မဇလီကျေးရွာ မှ သံဃာ ၁ ပါးတို့ကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းက မတ္တရာမြို့နယ်အတွင်းရှိ ပိုဝ ကျေးရွာမှ စာသင်ကျောင်း ၁ ကျောင်း၊ စိန်ပန်းကုန်း ကျေးရွာမှ နေအိမ် ၁ လုံး၊ မြွေမြစ်ရိုး ကျေးရွာမှ နေအိမ် ၂၉ လုံး၊ မြွေခလ ကျေးရွာမှ နေအိမ် ၂၇ လုံး၊ မြွေရေယဥ်ကျေးရွာမှ နေအိမ် ၄၅ လုံး၊ မြွေပုသိမ် ကျေးရွာမှ နေအိမ် ၁ အိမ် လုံးနှင့် မြွေကုတိုး ဆိပ်ကျေးရွာ မှ နေအိမ် ၄ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက ရွှေဂဲပြန် ကျေးရွာက အိမ်ထောင် သည် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သွားတယ်။ သေဆုံးသူ အမျိုးသမီးမှာ ၁၀ နှစ်အရွယ် သမီးလေး ၁ ဦးကျန်ခဲ့တယ်။ နောက်ပြီး ပိုဝနဲ့မြွေခလရွာက ပြည်သူ ၂ ဦးနဲ့ မဇလီကျေးရွာ မှ သံဃာ ၁ ပါးကိုလည်း စစ်ခွေးတွေက မီးရှို့ သတ်ဖြတ်သွားတယ်” ဟု ကောင်းကင် တော်လှန်ရေး အင်အားစုက တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ မြွေတလိုင်းရွာ၊ မြွေသသ်ာရွာ၊ မြွေရွှေခဲရွာနှင့် မြေကြည်ကုန်း ကျေးရွာတို့ကိုလည်း ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article