28 C
Yangon

မြင်းခြံ-ဆီမီးခုံလမ်းပေါ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

မြင်းခြံ-ဆီမီးခုံလမ်းပေါ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-ဆီမီးခုံလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီကား ၂ စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်ကား တစ်စီးပျက်စီးခဲ့ကြောင်း နောင်ရိုးအထူးပြောက် ကျားတပ်ဖွဲ့မှ ပြန်ကြားရေး တာ ဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၅ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်က ကြည်ရွာတွင် တပ်စွဲပြီး မြစ်အနောက်ဘက်ရှိ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသော အကြမ်းဖက်စစ်တပ်ထဲမှ ကား ၂ စီးဖြင့် မြင်းခြံမြို့ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သားများကိုမြင်းခြံ-ဆီမီးခုံလမ်းမပေါ် ကတောရွာ နှင့် ရွာရှည်ရွာကြားတွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များမှ မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ကားစီးပျက်စီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“အာရာဖတ်ကားက ရှေ့ဆုံးကနေလာတာ၊ အဲဒီကားကတော့ မိုင်းထိပြီး ကားပေါ်ပါတဲ့ စစ်ခွေး ၂ ကောင် သေတယ်လို့ အတွင်းသတင်းအရ အတည်ပြုနိုင်ခဲ့ပါတယ်၊ အဲဒီပျက်စီးသွားတဲ့ကားနဲ့ ခွေးသေ ၂ ကောင်ကို စစ်ခွေးကား ၃ စီးနဲ့ လာသယ်သွားတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိနိုင်ပါတယ်” ဟု နောင်ရိုး အထူး ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း၊ တပ်ခွဲ ၁ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့- NY SGF နှင့် မြင်းခြံခရိုင် တပ်ရင်း ၁ 27 Revolution Force ညီနောင်နှစ်ဖွဲ့ပူး‌ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး စစ်တပ်က ရမ်းသမ်းပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article