33 C
Yangon

မှော်ဘီတွင် စစ်တပ်ပိုင် တပ်မတော်ဆေးဝါးစက်ရုံ၊ တပ်ရင်းတပ်ဖွဲ့များထံ သွယ်တန်းထားသော ဓာတ်အားလိုင်းကို မိုင်းဖြင့် ဖောက်ခွဲ၊ မင်္ဂလာဒုံရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်လည်း မိုင်းခွဲခံရ

Must read

မှော်ဘီတွင် စစ်တပ်ပိုင် တပ်မတော်ဆေးဝါးစက်ရုံ၊ တပ်ရင်းတပ်ဖွဲ့များထံ သွယ်တန်းထားသော ဓာတ်အားလိုင်းကို မိုင်းဖြင့် ဖောက်ခွဲ၊ မင်္ဂလာဒုံရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်လည်း မိုင်းခွဲခံရ

ရန်ကုန်၊ မတ် ၂၇

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် စစ်တပ်ပိုင် တပ်မတော်ဆေးဝါးစက်ရုံ၊ တပ်ရင်းတပ်ဖွဲ့များထံ သွယ်တန်းထားသော ဓာတ်အားလိုင်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်ပိုင် Mytel တာဝါတိုင်လည်း မိုင်းခွဲခံရကြောင်း ဒေသသတင်းရင်းမြစ်များနှင့် တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မတ်လ ၂၇ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန် မှော်ဘီမြို့နယ်အတွင်း တပ်မတော်ဆေးဝါးစက်ရုံနှင့် တပ်ရင်းတပ်ဖွဲ့များထံသို့ သွယ်တန်းထားသော 33kV မြောင်းတကာ – ဆေးဝါး ၊ 33kV မြောင်းတကာ – ကြက်ဖြူကန် နှင့် 33kV မြောင်းတကာ – မှော်ဘီ ဓာတ်အားလိုင်းများ မိုင်းခွဲခံရခြင်းကြောင့် မှော်ဘီမြို့နယ်တစ်ခုလုံး နှင့် တပ်ရင်းတပ်ဖွဲ့များအားလုံး ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။

“မနက်က မှော်ဘီ စစ်တပ် ရဲ့ တပ်မတော်ဆေးဝါးစက်ရုံတွေ မီးပေးနေတဲ့ ဓါတ်တိုင်တွေ ဖောက်ခွဲခံခဲ့ရပါတယ်။ အသံအကျယ်ကြီး ၅ခါလောက်ကြားလိုက်ရတယ်။ မနက်အစောကြီး တပ်မတော်ဆေးဝါးစက်ရုံ မီးတိုင်တွေနဲ့ ကြက်ဖြူကန်စစ်တပ် ပေးနေတဲ့ လိုင်းတွေ ဖောက်ခွဲခံရတာပါ

အခုလက်ရှိ EPC မှော်ဘီက ပြန်လည်ပြင်ဆင်နေကြပါတယ်။ မနက် အစောကြီး ဖောက်ခံရတာပါ။ အခုလက်ရှိ တပ်မတော်ဆေးဝါးစက်ရုံတွေ မီးပြတ်တောက်နေပါတယ်။ မှော်ဘီ တပ်နယ် တခုလုံးနဲ့ တပ်မတော်ဆေးဝါး စက်ရုံတေ မီးပြတ်တောက်နေပါတယ်” ဟု မှော်ဘီဒေသသတင်းရင်းမြစ်က ပြောသည်။။

အလားတူ မတ်လ ၂၇ ရက်နေ့ နံနက်၂ နာရီ ၁၅ မိနစ်အချိန်တွင်ပင် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်အပိုင် ၈ ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကိုလည်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ Mytel တာဝါတိုင် ၃ ချောင်းထောက်အနက် ၂ ချောင်းမှာ မိုင်းပေါက်ကွဲမှုကြောင့် တိုင်အောက်ခြေ ကွန်ကရစ်တုံးနှင့် သံတိုင်အောက်ခြေ ပျက်စီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article