36 C
Yangon

ရေစကြိုမြို့ပေါ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးနိုင်

Must read

ရေစကြိုမြို့ပေါ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးနိုင်

ရန်ကုန်၊ မတ်လ ၇

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် ကျေးရွာများကို စစ်ကြောင်းပြန်လာသောအကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးနိုင်ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီခန့် အင်အား ၆၀ ခန့်ဖြင့် ကျေးရွာများကို လှည့်လည် စစ်ကြောင်း ထိုးပြီး ပြန်လာသော အကြမ်းဖက်စစ်သားများကို တပ်စွဲထားရာ ကပ်ကျော်ဘုန်းကြီးကျောင်းပေါက်ဝ အရောက် ရေစကြိုမြို့နယ် ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

“မိုင်းဆွဲတဲ့ရဲဘော်တွေပြောတာတော့ ရှေ့က ၄ ကောင်ကတော့ လွင့်စင်သွားတယ်။ နောက်က‌ နှစ် ယောက်ကတော့ ပုံလဲကျသွားတာ၊ သေနိုင် ပေမယ့် သေ၊ မသေ က သွားကြည့်လို့ မရလို့သာ အတည်ပြု မရတာ၊ အများအပြားဒဏ် ရာရတာကတော့ အတည်ပြုလို့ရပါတယ်” ဟု ရေစကြိုမြို့နယ်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ရေစကြိုမြို့၊ အမှတ် ၇ ရပ်ကွက်၊ ကပ်ကျော်ဘုန်းကြီးကျောင်းအတွင်း၌ အကြမ်း ဖက်စစ်သား အင်အား ၇၀ ခန့်ဖြင့် တပ်စွဲပြီး ကျေးရွာများကို လှည့်လည် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက် ခဲ့သော ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article