34 C
Yangon

ဝက်လက်မြို့နယ်၊ မုဆိုးခြုံ၊ ဘိုတဲနှင့်အောင်ချမ်းသာကျေးရွာများကို စစ်တပ်က မီးရှို့မှု အိမ်ခြေ ရာဂဏန်းနီးပါး ပြာကျ၊ သက်ကြီးရွယ်အို အဘွား ၁ ဦးနှင့် စစ်ဘေးရှောင် ၁ ဦးကို စစ်တပ်က ပစ်ခတ်သတ် ဖြတ်

Must read

ဝက်လက်မြို့နယ်၊ မုဆိုးခြုံ၊ ဘိုတဲနှင့်အောင်ချမ်းသာကျေးရွာများကို စစ်တပ်က မီးရှို့မှု အိမ်ခြေ ရာဂဏန်းနီးပါး ပြာကျ၊ သက်ကြီးရွယ်အို အဘွား ၁ ဦးနှင့် စစ်ဘေးရှောင် ၁ ဦးကို စစ်တပ်က ပစ်ခတ်သတ် ဖြတ်

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ၊ မုဆိုးခြုံ၊ ဘိုတဲနှင့်အောင်ချမ်းသာ ကျေးရွာများကို စစ်တပ်က မီးရှို့မှုကြောင့် အိမ်ခြေ ရာဂဏန်းနီးပါး ပြာကျသွားပြီး သက်ကြီးရွယ်အို အဘွား ၁ ဦးနှင့် စစ်ဘေးရှောင် အမျိုးသား ၁ ဦး ပစ်သတ်ခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၂၈ က်နေ့တွင် စစ်တပ်က မုဆိုးခြုံဘူတာကျေးရွာသို့ ဝင်ရောက်လာပြီး မီးရှို့မှုများ လုပ်ဆောင်ကြောင်း၊ ယင်းနောက် ဘိုတဲကျေးရွာကို ဆက်လက် မီးရှို့ခဲ့ကြောင်း ၊ ယင်းနောက် အောင်ချမ်းသာကျေးရွာကိုလည်း စစ်တပ်က မီးရှို့ခဲ့ကြောင်း၊ ဘိုတဲကျေးရွာမှ အသက် ၇၀ ကျော်အရွယ် ဒေါ်တင်လှ၊ မုဆိုးခြုံဘူတာကျေးရွာမှ ဦးမြဝင်းတို့မှာ စစ်တပ်က မီးရှို့ ပစ်ခတ်သတ်ဖြတ်မှုများကြောင်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။

” မုဆိုးခြုံ ဘူတာရွာကို မီးရှို့သွားတဲ့ စစ်ကြောင်းက အောင်ချမ်းသာရွာကို မတ်လ ၁ ရက်နေ့မှာ မီးတင်ရှို့တယ်။ ရွာလုံးကျွတ်နီးပါး ပြာကျတယ်။ ဘိုတဲက အမေအိုတစ်ဦး ဆုံးတယ်။ မုဆိုးခြုံရွာမအဝင်မှာ ကျေးရွာသား ဦးမြဝင်း

ခွေးစစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရပါတယ်။ အလောင်းကို ကားလမ်းပေါ်မှာ ထားခဲ့ပြီး ဉီးမြဝင်းရဲ့ဆိုင်ကယ်ကို

မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မုဆိုးခြုံရွာအနီးက လယ်ကိုင်းရွာမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပါတယ်။ ခွေး ၃ကောင်ကျတယ်လို့လည်း သိရပြီး လယ်ထဲတနေရာမှာ မီးရှို့အလောင်းဖျောက်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဝက်လက်မြို့နယ်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၄ ကြောင်း အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ အရှိန်မြှင့်လုပ်ဆောင်နေ ကြောင်း သိရှိရသည်။

” စစ်အုပ်ချုပ်ရေးကြေညာပြီးတော့ ဝက်လက်နယ်ကို စစ်ခွေးစစ်ကြောင်း ၄ ကြောင်း အလုံးအရင်းနဲ့ ပတ်လည်ဝိုင်းဖိနေတယ်။ အခြေအနေဆိုးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article