36 C
Yangon

သထုံတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျည်ထိမှန်၍ ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံး

Must read

သထုံတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျည်ထိမှန်၍ ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ မတ် ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်သဖြင့် ကျေးရွာတစ်ခုအတွင်း ကျရောက်ပြီး ကလေးငယ် ၂ ဦးသေဆုံးကာ အမျိုးသား ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ နံနက် ၇ နာရီအချိန် သထုံမြို့နယ်၊ ကြာပန်း ခလရ ၂၄ တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ကျုံမိန်ကျေးရွာအတွင်းသို့ ကျရောက်ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်(ကျား) ၁ ဦး ၊ အသက် ၁၂ နှစ်အရွယ် ကလေးငယ်(မ) ၁ ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးမှာမူ အပြင်းအထန်ဒဏ်ရာရရှိ ကြောင်း သိရှိရသည်။

“ဒီမနက် ၇ နာရီ သထုံ ကြာပန်း ခလရ ၂၄ တပ်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာမှာ ကျုံမိန်ရွာထဲကျပြီး အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦးနဲ့ အသက် ၁၂ နှစ်အရွယ် ကလေး ၁ ဦး စုစုပေါင်း ကလေး ၂ ဦး ပွဲချင်းပြီးသေဆုံးပါတယ်။ အသက် ၄၀ အရွယ်အမျိုးသား ၁ ဦးထိခိုက်ပါတယ်။ တိုက်ပွဲမဖြစ်ဘဲ ရွာတွေကို ရမ်းသမ်းပစ်တာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article