28 C
Yangon

သထုံမြို့နယ်၊ တောင်ကလေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၅ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ

Must read

သထုံမြို့နယ်၊ တောင်ကလေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၅ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၃၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်ကလေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၅ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရရှိခဲ့​ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုထံမှ သိရသည်။

မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်းမှ သထုံမြို့နယ်၊ တောင်ကလေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၁ လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ၅ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၇၅ နှစ်ရှိ ဒေါ်မသောင်း၊ အသက် ၄၀ နှစ်ရှိ ဒေါ်နောပျို၊ အသက် ၁၄ နှစ်ရှိ ညီညီဇော်၊ အသက် ၅နှစ်ရှိ ချစ်မိုးအောင်၊ အသက် ၅ နှစ်ရှိ ချစ်မိုးသူနှင့် အသက် ၁၄ နှစ်ရှိ နော်စံပယ်ဖြူတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၈ ရက်၊ ၁၇ ရက်၊ ၁၈ ရက်၊ ၂၄ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ် ခမရ-၉ ၊ ခလရ-၈ ၊ ခလရ-၂၄ ၊ အမတ-၄၀၂ ၊ ခမရ-၃၁၄ နှင့် အမတ-၃၁၄ တပ်ရင်းများမှ ကေအဲန်ယူ-သထုံမြို့နယ်အုပ်ချုပ်မှု နယ်မြေအတွင်းရှိ ကျေးရွာများကို မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း​၊ အကြောင်းမဲ့ ပစ်သတ်ခြင်း၊ ခရီးသွားလာသော အရပ်သားများ၏ပစ္စည်းများကို အဓမ္မခြိမ်းခြောက်လုယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article