28 C
Yangon

ဝက်လက်၊ မုဆိုးခြုံဘူတာ ရွာကို စစ်တပ်က ယခုည ညဉ့်နက်ပိုင်း မီးတင်ရှို့နေပြီး မီးလောင်ကျွမ်းမှု အလွန် များပြား၊ ပြည်သူ သောင်းချီ ထွက်ပြေးနေရ

Must read

ဝက်လက်၊ မုဆိုးခြုံဘူတာ ရွာကို စစ်တပ်က ယခုည ညဉ့်နက်ပိုင်း မီးတင်ရှို့နေပြီး မီးလောင်ကျွမ်းမှု အလွန် များပြား၊ ပြည်သူ သောင်းချီ ထွက်ပြေးနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံဘူတာကျေးရွာကို စစ်တပ်က ယနေ့ ည ညဉ့်နက်ပိုင်းတွင် မီးတင်ရှို့နေပြီး မီးအလွန်များနေကာ ပြည်သူ သောင်းချီ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ သမိုင်းဝင် ဟံလင်းပျူမြို့ဟောင်းအနီးရှိ မုဆိုးခြုံဘူတာရွာကို စစ်တပ်က မီးတင်ရှို့ခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ် စစ်ကြောင်းက ရွှေဘိုမြို့နယ်မှ ဝက်လက်မြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး မုဆိုးခြုံဘူတာရွာတွင် ဝင်ရောက် တပ်စွဲကြောင်း၊ ယင်းနောက် ယနေ့ ညပိုင်းတွင် ရွာကို မီးတင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ ဘက်မှာ အင်တာနက်လိုင်းတွေလည်းဖြတ်ထားတော့ အခုလို ရွာမီးရှို့ခံရတာ ဘယ်သူမှ မသိကြဘူး။ ဒီညတွင်းချင်းကို မုဆိုးခြုံဘူတာကျေးရွာကို စစ်တပ်က မီးတင်ရှို့နေတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်။ ပြည်သူတွေကတော့ ညတွင်းချင်း ထွက်ပြေးနေရတယ်။ ရွာကို မီးရှို့တာ မီးက အတော်ဝေးဝေးကတောင် မြင်နေရတယ်။ မီးအတော်ကို ကြီးနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ဝက်လက်မြို့နယ်၊ မုဆိုးခြုံ ဘူတာကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး လက်ရှိ စစ်တပ်၏ မီးရှို့နေမှုကြောင့် မည်မျှ မီးလောင်ကျွမ်းသည်ကို မသိရှိရသေးဟု ဒေသပြည်သူများက ဆိုကြသည်။

ယ​နေ့ ဝက်လက်မြို့နယ်တွင် စစ်တပ်က ပစ်ခတ်ဝင်ရောက်လာသဖြင့် သပြေသာ၊ ရွှေတာင်၊ ဖွင့်လိုင်း၊ ဘိုတဲ ၊မုဆိုးခြုံ၊ ကံသာ ၊တည်းကြီး ကျေးရွာ ၇ ရွာမှ ပြည်သူ သောင်းချီ စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article