35 C
Yangon

ဒိုက်ဦး၊ ခမရ ၄၄၀ တပ်ဂိတ် နှင့် ၇၂ မိုင်ဂိတ် တို့ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊ လောင်းလုံး ၊ ဇလွတ်ရွာအနီး တိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံး၊ မုံရွာရှိ တောပု စစ် စခန်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်

Must read

ဒိုက်ဦး၊ ခမရ ၄၄၀ တပ်ဂိတ် နှင့် ၇၂ မိုင်ဂိတ် တို့ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊ လောင်းလုံး ၊ ဇလွတ်ရွာအနီး တိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံး၊ မုံရွာရှိ တောပု စစ် စခန်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရန်ကုန်၊ မတ် ၁

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၄၄၀ ဂိတ် နှင့် ၇၂ မိုင် ဂိတ်တို့ကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေ ဆုံး ခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၈ နာရီခန့်က ဒိုက်ဦးမြိုအခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ အမှတ် ၄၄၀ မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၅ ဦးဒဏ်ရာရရှိခဲ့ပြီး စစ်တပ်မှ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၇၂ မိုင်ဂိတ် တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပဲခူးမြိုနယ် ပကဖ နှင့် Daik-U Defense Force (DDF) တို ပူးပေါင်းကာ နန်း ထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းခွဲတိုက် ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဇလွတ်ကျေးရွာအနီး ထိတွေ့ တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်မှ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လောင်းလုံးမြို့နယ် ဇလွတ်ကျေးရွာရှိ ပျူစောထီး အဖွဲ့ဝင် ဝင်းထွန်း ခေါ် ဝင်းသိန်းပု ကို ပစ်ခတ်ရှင်းလင်းပြီး ကျောက်နီမော် ကျေးရွာ မှ ရောက်ရှိလာသော စစ်သား၊ ပျူစောထီးများနှင့် လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့တို့ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ဖေဖော်ဝါရီ ၂၂ ရက်နေ့ တိုက်ပွဲထဲမှာ စစ်ခွေး ၁ ကောင်သေးတယ်။ ၄ ကောင် ဒဏ်ရာရသွားတယ်။ ကျောက်နီမော်ရွာ စာသင် ကျောင်း ရောက်တော့ ဆေးကု နေရင်း ၁ ကောင်သေတယ်။ ၂၈ ရက်နေ့ပေါ့။ မနေ့က ၂ ကောင် ထပ်သေ တယ် လို့ သိရတယ်။ တိုက်ပွဲကြောင့် သေတာ အားလုံးပေါင်း ၄ ကောင်သေတယ်။ အခုလောလောဆယ် ကျောက်နီမော် ကျေးရွာကို လုံခြုံရေးတင်းကြပ် ချထား တယ်လို့ သိရတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြော ဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့ များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင် ခရိုင် တပ်ရင်း၂၈ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြော ဆိုသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် မုံရွာမြို့နယ်၊ တောပုရွာရှိ ပျူစောထီး စခန်းကို ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၈၀ မမ ၁၀ လုံး ပစ်ခတ် တိုက် ခိုက် ခဲ့ပြီး ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ PDF ရဲ ဘော် များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်၂၈ တပ်ရင်း ဓားမဆိုင်း တပ်မ တော် (D.M.S.A) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ဦးဆောင်ကာ၊ Monywa Eagle Generation Y ၊ Sun King Envoy Monywa ( LPDF ) တို့ ပူးပေါင်း လုပ် ဆောင် ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article