29 C
Yangon

မြင်းခြံ၊ လေးရွာဆုံတွင် သတင်းပေး ၁ ဦး အသတ်ခံရပြီးနောက် ပျူစောထီးနှင့်စစ်တပ်က NLD ထောက်ခံသူ ပြည်သူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီး သတ်ဖြတ် အလောင်းစွန့်ပစ်

Must read

မြင်းခြံ၊ လေးရွာဆုံတွင် သတင်းပေး ၁ ဦး အသတ်ခံရပြီးနောက် ပျူစောထီးနှင့်စစ်တပ်က NLD ထောက်ခံသူ ပြည်သူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီး သတ်ဖြတ် အလောင်းစွန့်ပစ်

ရန်ကုန်၊ မတ် ၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် လေးရွာဆုံတွင် သတင်းပေး ၁ ဦး အသတ်ခံရပြီးနောက် ပျူစောထီးနှင့်စစ်တပ်က NLD ထောက်ခံသူ ပြည်သူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီး သတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူများက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်း မြင်းခြံမြို့နယ်၊ လေးရွာဆုံ ကျေးရွာမှ စစ်တပ်သတင်း ပေး ဟု သတ်မှတ်ခံရသူ ဝင်းစိုး အသတ်ခံရကြောင်း၊ ထိုသို့ အသတ်ခံရပြီးနောက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၁၀ နာရီခန့်အချိန် NLD ထောက်ခံသူ ၄ ဦးဖြစ်သည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို ပျူစောထီးများနှင့် စစ် တပ် လက်အောက်ခံ အဖွဲ့များက ဖမ်း ဆီးပြီး သတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။

” မနေ့ညက ကိုစိုးသူဝင်း၊ ကိုဖိုးအေး၊ မခင်ယုမွန်၊ ကိုမောင်မောင်တို့ကို သီတာယုမွန် ပျူစောထီးအဖွဲ့နဲ့ လယ်သစ်ရွာက ပျူငပေါက်အဖွဲ့တွေနဲ့ လေးရွာဆုံက ပျူတွေပေါင်း ဖမ်းဆီး‌ပြီးတော့ လူမဆန်စွာ သတ်ဖြတ်သွားတယ်။ အလောင်း တွေ ကို လေးရွာဆုံး ဗလုံကျေးရွာ အကြား ချခဲ့ပါတယ်။ အဲဒီ အသတ်ခံရသူ ၄ ဦးက NLD ပါတီထောက်ခံသူဖြစ်တဲ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ် ရှား မှုတွေမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ ဒလန်ဝင်းစိုး အသတ်ခံရမှုနဲ့လည်း မပတ်သက်ပါဘူး။ ပျူစောထီးနဲ့ စစ်ခွေးတွေက လက်တုံ့ပြန်ပြီး သတ်ပြပြီး ခြိမ်း ခြောက်တာပါ” ဟု ဒေသကာကွယ်ရေးတပ် ခေါင်းဆောင်တစ်ဦးက ပြောသည်။

အသတ်ခံရသူ ၄ ဦး ၏ မိတ်ဆွေတချို့နှင့် ဆွေမျိုးနီးစပ်သူများကလည်း ပျူစောထီးအဖွဲ့ဝင်များက လာရောက် ဖမ်းဆီးပြီး သတ်ဖြတ်ကြောင်း အတည်ပြုပြောဆိုသော်လည်း လုံခြုံရေး အခြေအနေအရ အသေးစိတ် မပြောလိုပါ ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ နံနက်ပိုင်းတွင် NLD ပါတီထောက်ခံသူနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များတွင် ပါဝင်ခဲ့ကြသူ ကိုစိုးသူဝင်း၊ ကိုဖိုးအေး၊ မခင်ယုမွန်၊ ကိုမောင်မောင်တို့၏ အလောင်းများကို ပြန်လည် ကောက်ယူရရှိခဲ့ကြောင်း၊ နာရေးကိစ္စများ ကျန်ရစ်သူ မိသားစုများက စီစဉ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article