35 C
Yangon

ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို စစ်တပ်က မီးရှို့မှုအိမ်​ခြေ ၇၈၀ မီး​လောင် ပြာကျ

Must read

ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို စစ်တပ်က မီးရှို့မှုအိမ်​ခြေ ၇၈၀ မီး​လောင် ပြာကျ

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးရာ အိမ်​ခြေ ၇၈၀ မီး​လောင်၍ ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညပိုင်းမှ မတ်လ ၁ ရက်နေ့ နံနက်ပိုင်းထိ အကြမ်းဖက် စစ်တပ်က ယင်းမာပင်မြို့နယ် ကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ က ၂၈ ရက်နေ့ ညပိုင်းနဲ့ ဒီနေ့ နံနက်ပိုင်း ကို နှစ်ကြိမ်ခွဲပြီး မီးရှို့သွားတာ ရွာလုံးကျွတ်ပြာကျသွားတယ်။ ရွာမှာ အိမ်ခြေ ၈၀၀ ရှိတာ အခု နေအိမ် ၂၀ လောက်ပဲကျန်တော့တယ်” ဟု မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photo- မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article