29 C
Yangon

မြင်းမူမြို့နယ်တွင် မုဒိမ်းကျင့်၊ လူသတ်ခဲ့သော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦးသေဆုံ

Must read

မြင်းမူမြို့နယ်တွင် မုဒိမ်းကျင့်၊ လူသတ်ခဲ့သော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် မုဒိမ်းကျင့်၊ လူသတ်ခဲ့သော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း People’s Army to Fight Dictatorship -PAFD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၈ ရက် စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာ၊ ရွှေလှေကျေးရွာနှင့် မြင်းမူမြို့နယ်၊ ညောင် ရင်းကျေးရွာ၊ ပုလဲတန်ကျေးရွာတို့ရှိ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်း ကျင့်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကိုခိုးယူဖျက်ဆီးခြင်းလုပ်ကာ မြင်းမူမြို့ပေါ်သို့ ပြန်လည်ဝင်ရောက် ခဲ့သည့် အင်အား ၆၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီတစ်ခါက ကြီးကြီးမားမားတော့ တအား မီးမရှို့ဘူး၊ မုဒိမ်းတွေကျင့် လူတွေ တအားသတ်သွားတာပဲ၊ ရိုးရိုးသတ်တာရော၊ မုဒိမ်းကျင့်သတ်တာရော လူဦးရေ ၂၀ ကျော်လောက်ရှိတယ်၊ အဲဒီခွေးစစ်ကြောင်း မြင်းမူကိုပြန်လာတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မိုင်းဘီလူးပေါ်ကို တည့်တည့်ကြီးမတ်တပ်ရပ်နေ တဲ့အချိန်၊ ကျနော်တို့လဲ သူတို့(စစ်ခွေး)မြင်သွားတဲ့အချိန် မြင်မြင်ခွဲခွဲ အဲလိုခွဲချလိုက်တာ” ဟု People’s Army to Fight Dictatorship-PAFD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို People’s Army to Fight Dictatorship-PAFD တပ်ခွဲ DK PDF (MMU) ၊ People’s Knight Defense Force Myinmu (PKDF.MMU) ၊ မြင်းမူမြို့နယ် အနောက်ခြမ်းပကဖ၊ DBBF-MMU တို့ပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး People’s Army to Fight Dictatorship-PAFD တပ်ဖွဲ့အနေ ဖြင့် စားနပ်၊ ရိက္ခာ၊ လက်နက်ခဲယမ်းအသုံးစရိတ်များ စတင်ပြတ်လတ်လာနေပြီး ထပ်မံတိုက်ခိုက်နိုင် ရန်မလွယ်ကူတော့အခြေအနေကြုံတွေ့နေရကြောင်း၊ လက်ရှိတွင် သိန်း ၅၀ အကြွေးတင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article