37 C
Yangon

ကျိုက်ထို၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ကျိုက်ထို၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ မတ် ၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင် ကင်းပုန်း ဝပ် ရန်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု (Kyaikhto Revolution Force(KRF)ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၃ ရက် နံနက် ၅ နာရီ ၁၀ မိနစ်က စစ်ယာဉ်တန်းများကို လုံ ခြုံရေးယူပေးရန်အတွက် ကင်းပုန်းဝပ်ရန် လာသော အကြမ်းဖက်စစ်သားများကို KRF၊ KNLA တပ်မဟာ ၁ တပ်ရင်း ၃ နှင့် တခြား ပူးပေါင်းအဖွဲ့တို့က လက် ဦးမှုရယူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးကာ အခြား ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရကြောင်းသိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားလုံး အထိ အခိုက်မရှိဘဲ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း၊ အထိနာသွားသဖြင့် အကြမ်း ဖက် စစ်တပ်က ယနေ့ နေ့လည်ပိုင်းတွင် စစ် အင်အား အများအပြားဖြင့် KNLA တပ်မဟာ ၁ တပ်ရင်း ၃ ထိန်းချုပ်ရာ နယ်မြေအတွင်းသို့ ကျောင်းရွာ ဘက်မှ တစ် ဆင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျိုက်ထိုတော်လှန်ရေး အင်အားစု (Kyaikhto Revolution Force-KRF) အနေဖြင့် အပြည်သူ လူထု၏ အသက်အိုးအိမ်စည်အိမ်ကို အသက်ပေးကာကွယ်မည်ဖြစ်ပြီး ပြည်သူလူအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများ ပြလုပ်ခြင်း မရှိကြောင်း အသိပေးထုတ်ပြန်ထား သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားများ။ (ပုံအဟောင်းဖြစ်သည်။)

Photo- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article