35 C
Yangon

မြိုင်မြို့ပေါ်ရှိ စစ်တပ် ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်

Must read

မြိုင်မြို့ပေါ်ရှိ စစ်တပ် ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်

ရန်ကုန်၊ မတ် ၄

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လကျာ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် မြိုင်မြို့ မြောက်ဘက်ဂိတ်နှင့် အနောက်ဘက်ဂိတ်ရှိ စစ်သားများ နေထိုင်သည့် အဆောက်အဦးများကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော စစ်သားများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မြိုင်မြို့ပေါ်ရှိ အထက ၂ ကျောင်းတွင် သွားရောက် မြှုပ်နှံခဲ့ကြောင်း၊ ယင်းသို့ မြှုပ်နှံပြီးနောက် အထက ၂ ကျောင်း အတွင်းရှိ စစ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သည့် ကျေးရွာများကို ပြန်လည် ပစ်ခတ်ခဲ့ပြီး ကံကြီးတောကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ ခွဲ ၄ ဗိုလ်မိုက်ခဲအဖွဲ့၊ သံမဏိလိပ်ပြာ လက်နက်ကြီးအဖွဲ့၊ တွေ့မရှောင် လက်နက်ကြီးနှင့် မြိုင် ပကဖ တပ်ရင်း ၂ ခွဲ ၂ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့​ကြောင်း မြိုင် ပကဖ တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လကျာ်ကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article