30 C
Yangon

ပေါက်မြို့နယ်၊ ကမ်းပါဖြူရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၂ လုံးနှင့် PDF စခန်း ၁ ခုကို မီးရှို့ဖျက်ဆီး

Must read

ပေါက်မြို့နယ်၊ ကမ်းပါဖြူရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၂ လုံးနှင့် PDF စခန်း ၁ ခုကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၇

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကမ်းပါဖြူရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၂ လုံးနှင့် PDF စခန်း ၁ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါက်မြောင်ပိုင်း ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ်၊ ကမ်းပါဖြူရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဝင်ရောက် စီးနင်း မီးရှို့ခဲ့သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ် ၁၂ လုံးနှင့် PDF တပ်ဖွဲ့ စခန်း ၁ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ပေါက်မြို့နယ် မြောက်ပိုင်း ကမ်းပါးဖြူ ကျေးရွာကို စစ်ခွေးတွေ ဝင်ရောက်စီးနင်းတယ်။ မတ်လ ၆ ရက်နေ့က အင်အား ၈၀ ကျော်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ စခန်း တစ်ခုလည်း မီးရှို့ဖျက်ဆီးခံရတယ်။ ပြည်သူပိုင် နေအိမ် ၁၂ လုံးကိုလည်း စစ်ခွေးတွေက မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူတွေနဲ့ ကာကွယ်ရေး ရဲဘော်တွေတော့ ထိခိုက်ဒဏ်ရသူကမရှိဘူး” ဟု ပေါက်မြောင်ပိုင်း ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်ကပြောဆိုသည်။

စစ်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် ပေါက်မြောက်ပိုင်းကာကွယ်ရေးအဖွဲ့၏ စခန်း တစ်ခု ပျက်စီးခဲ့ပြီး ငွေကျပ် သိန်း ၄၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article