36 C
Yangon

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ပြည်သူပိုင် ဆိုင်ကယ်များကို မီးရှို့ ဖျက်ဆီး၊ ပြည်သူ ၄ ဦး ကျည်ထိမှန် ဒဏ်ရာရ

Must read

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ပြည်သူပိုင် ဆိုင်ကယ်များကို မီးရှို့ ဖျက်ဆီး၊ ပြည်သူ ၄ ဦး ကျည်ထိမှန် ဒဏ်ရာရ

ရန်ကုန်၊ မတ် ၉

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအတွင်းသို့ အကြမ်းဖက်စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ပြည်သူပိုင်ဆိုင်ကယ်များကို မီးရှို့ဖျက် ဆီးသွားကြောင်း ဒေသပြည်သူများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

မတ်လ ၈ ရက်နေ့က ညောင်လေးပင်မြို့နယ်၊ ပုဖွန်မြောင်းကျေးရွာအတွင်းတပ်စွဲထားသော အကြမ်း ဖက် စစ်သားများသည် ရွှေကျင်မြို့နယ် ညောင်ပင်ကြီးကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက် ကြီးများဖြင့်ခတ် ဝင်ရောက်လာပြီး ကျေးရွာထိပ်ရှိ ဈေးဆိုင် များနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ညောင်ပင်ကြီးရွာထိပ်က ဆိုင်တွေနဲ့ ထွက်ပြေးကြတဲ့ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေပါလုယူပြီး စစ် ခွေးတွေက မီးရိူ့သွားကြပါတယ်၊ ပြီးတော့ လူမရှိတဲ့ အိမ်တွေကိုလည်း ရိုက်ဖွင့်ပြီး ပစ္စည်းတွေကို ခိုးယူသွား တယ်၊ စစ်ခွေးတွေပစ်လို့ လက်နက်ကြီး ထိမှန်ဒဏ်ရာရတဲ့သူတွေလည်း ရှိပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် သိုက်တူးကုန်းကျေးရွာနေ ပြည်သူ ၂ ဦး၊ ဝိုင်း ကျေးရွာနေ ပြည်သူ ၁ ဦး၊ ကွင်းဒလကျေးရွာနေ ပြည်သူ ၁ ဦး လက် နက်ကြီးကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ညောင်ပင်ကြီးကျေးရွာမှ ပြည်သူ ၁၆၀၀ နီးပါး စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article