28 C
Yangon

ရန်ကုန်မြို့၊ ၄၉ လမ်းထိပ် အခွန်ရုံးတွင် ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်တပ်က ဖောက်ခွဲ၊ မြို့လယ်လမ်းမနှင့် လမ်းကျဉ်းများကို ပိတ်ဆို့ပြီး စစ်ဆေးနေ

Must read

ရန်ကုန်မြို့၊ ၄၉ လမ်းထိပ် အခွန်ရုံးတွင် ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်တပ်က ဖောက်ခွဲ၊ မြို့လယ်လမ်းမနှင့် လမ်းကျဉ်းများကို ပိတ်ဆို့ပြီး စစ်ဆေးနေ

ရန်ကုန်၊ မတ် ၉

ရန်ကုန်မြို့လယ်၊ ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ၄၉ လမ်းထိပ်ရှိ Custom House အခွန်ရုံးတွင် ဗုံးတွေ့ရှိရသဖြင့် စစ်တပ်က ဖောက်ခွဲလိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။

မတ်လ ၉ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် မဟာဗန္ဓုလလမ်းပေါ် ၄၉ လမ်းထိပ်ရှိ Custom House သံပန်းတံခါးတွင် ဗုံးတွေ့ရှိသည်ဟုဆိုကာ ဖောက်ခွဲလိုက်ကြောင်း၊ ဗုံးပေါက်ကွဲသံအလွန်ကျယ်လောင်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ဗုံးကွဲသံက ဟိန်းထွက်နေတာပဲ။ လမ်းတွေလည်း ပိတ်ထားတယ်။ မဟာဗန္ဓုလလမ်းပေါ် လမ်း ၅၀ ထိပ်မှာ စစ်ကား၊ ရဲကားတွေ ရပ်ပြီး ဗုံးကို စစ်ဆေး ဖောက်ခွဲတယ်” ဟု ရန်ကုန်မြို့လယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တပ်နှင့်ရဲက မဟာဗန္ဓုလလမ်းပေါ် ဗိုလ်မြတ်ထွန်းမီးပွိုင့်၊ ၄၉ လမ်း၊ လမ်း ၅၀ ၊ ၅၁ လမ်း အပါအဝင် ဗုံးတွေ့ရှိသည် အနီးပတ်ဝန်းကျင်ကို ပိတ်ဆို့ပြီး စစ်ဆေးနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article