33 C
Yangon

ကသာ-နဘားလမ်းပေါ်တွင် ကား ၄၆ စီးပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

ကသာ-နဘားလမ်းပေါ်တွင် ကား ၄၆ စီးပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၂

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကသာ-နဘားလမ်းပိုင်း ဆယ်မိုင်ကျောက်ခွဲစက်အနီးတွင် ခမရ ၃၀၉ တပ်မှ ထွက်လာသော စစ်ကား ၄၆ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း Indaw Revolution –IR မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ယနေ့ မတ်လ ၁၂ ရက် နံနက် ၈ နာရီခန့်က ကသာမြို့နယ် ခမရ ၃၀၉ တပ်မှ ထွက်လာသော အကြမ်း ဖက်စစ်ကား ၄၆ စီးပါယာဉ်တန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများ အပြားဒဏ်ရာရရှိကာ စစ်ကား ၂ စီးပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက် ကသာ ခမရ ၃၀၉ တပ်ထဲကနေ ထွက်လာတာ၊ တနေ့က သပိတ်ကျင်းဘက်ကနေ တက် လာတဲ့ကောင်တွေပါ၊ ပျက်တဲ့ကားနှစ်စီးက ပင်းမလွတ်ရွာဘက်ကို အရပ်သားကားတွေနဲ့ သယ်သွား တယ်၊ သေတဲ့ကောင်တွေ၊ ဒဏ်ရာရတဲ့ကောင်တွေကို အင်းတော်စစ်တပ်ကုန်းထဲ သယ်သွားတယ်၊ အဲဒီမှာပဲ မြှုပ်လိုက်တယ်၊ KIA ၊ PDF ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု Indaw Revolution –IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိတွင် ယင်းအကြမ်းဖက်စစ်ယာဉ်တန်းမှ ကား ၄၄ စီးသည် စစ်ကုန်းဘုန်းကြီးကျောင်း၊ လက်ပံ ကုန်းဘုန်း ကြီးကျောင်း၊ လဝကရုံးနှင့် အင်းတောမြို့နယ် ဘောလုံးကွင်းထဲတွင် ရောက်ရပ်နားကာ တပ်စွဲနေရာယူထားကြောင်း သိရသည်။

ဓာတ်ပုံ-မြိုင်မြို့နယ်တွင် စစ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်မှု မြင်ကွင်း။

Photo-မြိုင်ပကဖ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article