28 C
Yangon

အီတလီ၊ မီလန်မြို့တွင် ၈၈ ကျောင်း ဖုန်းမော်ကျဆုံးသည့်နေ့ အထိမ်းအမှတ် မြန်မာ့ဒီမိုကရေစီသူရဲကောင်းများအတွက် ဆုတောင်းခြင်းနှင့် ဆန္ဒပြမှု ပြုလုပ်

Must read

အီတလီ၊ မီလန်မြို့တွင် ၈၈ ကျောင်း ဖုန်းမော်ကျဆုံးသည့်နေ့ အထိမ်းအမှတ် မြန်မာ့ဒီမိုကရေစီသူရဲကောင်းများအတွက် ဆုတောင်းခြင်းနှင့် ဆန္ဒပြမှု ပြုလုပ်

ရန်ကုန်၊ မတ် ၁၄

အီတလီနိုင်ငံ၊ မီလန်မြို့တွင် မတ်လ ၁၃ ရက်နေ့ စက်မှုတက္ကသိုလ်ကျောင်း သား ကိုဖုန်းမော် ကျဆုံးခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်နေ့အဖြစ် “ကျဆုံးသူ မြန်မာဒီမိုကရေစီ သူရဲကောင်းများအတွက် ဆုတောင်းခြင်းနှင့် Flash Mob” အစီအစဥ်ကို ကျင်းပပြုလုပ်ခဲ့သည်။

ကျဆုံးခဲ့သော ဒီမိုကရေစီသူရဲကောင်းများကို အောက်မေ့သတိရဂါရဝပြုခြင်း၊ ဓမ္မတေးသီဆိုခြင်း၊ မြန်မာနိုင်ငံသူ နိုင်ငံသားများ စိတ်နှလုံးချမ်းမြေ့စေရန်၊ ခွင့်လွှတ်ခြင်း၊ ငြိမ်းချမ်းခြင်းများ ခံစားရစေရန် မေတ္တာပို့ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ ကျဆုံးသွားသော သူရဲကောင်းများ၏ ဘဝအသက်တာ အနစ်နာခံပေးဆပ်မှုကို ကိုယ်စားပြုသည့် ဖယောင်းတိုင်များ ထွန်းညှိခြင်း၊ သူရဲကောင်းများ၏ ဝိညာဥ်အတွက် ပို့သသော ဆုတောင်းမေတ္တာကို ကိုယ်စားပြုသည့် အမွှေးတိုင်များကို ထွန်းညှိခဲ့ကြပါသည်။

ဆုတောင်းပွဲအပြီးတွင် မီလန်မြို့လယ် Duomo ဘုရားကျောင်းရင်ပြင်တွင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေး၊ စစ်မှန်သော လူ့အခွင့်အရေး ရရှိရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရန် အတူတကွ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article