38 C
Yangon

မတ္တရာမြို့နယ်တွင် ရွာ ၃ ရွာ မီးရှို့ခံရပြီး ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်၊ ယခုညနေ မြွေတလိုင်းကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

မတ္တရာမြို့နယ်တွင် ရွာ ၃ ရွာ မီးရှို့ခံရပြီး ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်၊ ယခုညနေ မြွေတလိုင်းကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ မတ် ၁၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ကျေးရွာ ၃ ရွာကို စစ်တပ်က မီးတင်ရှို့ပြီး ပြည်သူ ၂ ဦးကို မီးရှို့သတ် ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး မတ္တရာမြို့နယ်၊ မြွေမြစ်ရိုး၊ မြွေရေယာဉ်၊ မြွေခလကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်လာပြီး ပစ်ခတ်မှုများလုပ်ဆောင်ကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းရှိ တန်ဖိုးရှိ ပစ္စည်းများကို လုယူသွားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခု မြွေတလိုင်းကျေးရွာကို မီးရှို့နေတာ မီးက ကြီးလာပါပြီ။မီးရှို့ခံလိုက်ရတဲ့ မြွေမြစ်ရိုး၊ မြွေရေယာဉ်၊ မြွေခလ ကျေးရွာ ၃ ရွာမှာ အိမ်ခြေ ၃၅၀ ကျော်ရှိပါတယ်။ ရွာနားမှာ တိုက်ပွဲဖြစ်သံမကြားပေမယ့် မိုင်းဆွဲသံတော့ ကြားလိုက်တယ်။ အခု စစ်ဘေးရှောင် ပြည်သူ ၇၀၀ လောက် ထွက်ပြေးနေရတယ်။ မြွေခလကျေးရွာ ပြည်သူတစ်ဦး နဲ့ မြွေရေယာဉ် ကျေးရွာက ပြည်သူ တစ်ဦး ကို စစ်တပ်က မီးရှို့သတ်ဖြတ်ပါတယ်။ လက်ရှိ မီးလောင်တဲ့ အိမ်ခြေက ၁၀၀ ကျော် ပြာကျသွားပါတယ်။ အခု မြွေတလိုင်းရွာကို စစ်တပ်က ဝင်ပြီး အကြီးအကျယ် မီးရှို့နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူများမှာ တောတောင်များထဲတွင် ပုန်းအောင်းနေရပြီး အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ စစ်ကြောင်း ၂ ကြောင်းခွဲ၍ ရမ်းကား မီးရှို့ဖျက်ဆီး ပစ်ခတ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article