28 C
Yangon

မိုးညှင်း၊ နန့်မွန်းတောင်ပေါ်တွင် စစ်သားများလိုက်ပါသည့်ကားများကို မိုင်းဆွဲ တိုက် ခိုက်မှု ကားတစ်စီး မီးလောင်ပျက်စီးပြီး စစ်သားသေဆုံးထိခိုက်မှုများနိုင်

Must read

မိုးညှင်း၊ နန့်မွန်းတောင်ပေါ်တွင် စစ်သားများလိုက်ပါသည့်ကားများကို မိုင်းဆွဲ တိုက် ခိုက်မှု ကားတစ်စီး မီးလောင်ပျက်စီးပြီး စစ်သားသေဆုံးထိခိုက်မှုများနိုင်

ရန်ကုန်၊ မတ် ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့အရှေ့ဘက်ရှိ နန့်မွန်းတံတားပေါ် တွင်အကြမ်းဖက်စစ်ကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးမီးလောင် ပျက်စီးခဲ့ကြောင်း အင်းတော်ကြီး – KPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

ယမန်နေ့မတ်လ ၁၆ ရက် နံနက် ၁၁ နာရီခန့်အချိန် နန့်မွန်းမြို့မှ စစ်သားများ လိုက် ပါလာသော အ ကြမ်းဖက်စစ်ကား ၄ စီးသည် နန့်မွန်းတောင်ပေါ်သို့ တက် လာစဉ် နန့်မွန်းတံတားပေါ်အရောက် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်း ၃ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကား ၁ စီးလောင်ပျက်စီး ခဲ့ပြီး ယာဉ် ပေါ်ပါ စစ်သား အားလုံးနီးပါး သေဆုံးနိုင်သော်လည်း မည်မျှ သေဆုံးသည်ကို အတိ အကျ မသိရကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“တက်လာတာကတော့ ကား ၄ စီးနဲ့အင်အား ၅၀ လောက်ပါတယ်၊ ကား တစ်စီး လုံး မီးလောင်ပျက်စီး တာ၊ ဘယ်နှစ်ယောက်သေလဲဆိုတာ မသိရဘူး၊ ကားပေါ် ပါလူတွေအကုန်သေနိုင်လောက်တယ်၊ ကျနော် တို့ကလည်းအနားကပ်မရတော့ ဘယ်သေလဲ ဆိုတာ အတိအကျ မသိနိုင်တာ၊ ရဲဘော်တွေအားလုံး ဘေး အန္တရာယ် ကင်းကင်းနဲ့ ပြန်ဆုတ် နိုင်ခဲ့ပါတယ်” ဟု အင်းတော်ကြီး – KPDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article