28 C
Yangon

ဘီလူးစစ်တပ်နှင့် တိုက်ပွဲ ၃ ရက်ကြာမြင့်နေပြီး ကျည်ခဲယမ်းအတွက် ငွေကူညီ ထောက်ပံ့ ကြရန် Myingyan Black Tiger တပ်ဖွဲ့က ပြည်သူများကို မေတ္တာ ရပ်ခံ

Must read

ဘီလူးစစ်တပ်နှင့် တိုက်ပွဲ ၃ ရက်ကြာမြင့်နေပြီး ကျည်ခဲယမ်းအတွက် ငွေကူညီ ထောက်ပံ့ ကြရန် Myingyan Black Tiger တပ်ဖွဲ့က ပြည်သူများကို မေတ္တာ ရပ်ခံ

ရန်ကုန်၊ မတ် ၂၀

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးဝင် ရောက် လာသော အကြမ်းဖက် စစ်တပ် ဘီလူးစစ်ကြောင်းနှင့်တိုက်ပွဲ ၃ ရက် ဖြစ်ထားပြီး တဖက်နှင့်တဖက် ရင်ဆိုင်အနေအထား စောင့် ကြည့်နေရသဖြင့် လိုအပ်သောလက်နက်ခဲယမ်းဖိုး ကူညီပေးကြပါရန် Myingyan Black Tiger တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မေတ္တာရပ်ခံ ပြောကြားသည်။

မတ်လ ၁၇ ရက်နေ့ အကြမ်းဖက်စစ်တပ်၏ တပ်မ ၉၉ လက် အောက်ခံ အထူး ကွန်မန်ဒိုတပ်ဖွဲ့ ဘီလူး စစ်ကြောင်းသည် အင်အား ၂၀၀ ခန့်ဖြင့် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုး ဝင် ရောက်လာရာ Myingyan Black Tiger(MBT) တပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်သား ၆ ဦးထက်မနည်းသေဆုံးထားကာ Myingyan Black Tiger(MBT) တပ်ဖွဲ့ ဘက်မှလည်း ရဲဘော် နှစ်ဦးဒဏ်ရာရရှိထားကြောင်း သိရသည်။

“နမော့ရွာမှာရော စခန်းမြောက်ဘက်ရွာမှာရောပဲ၊ ကျနော်တို့ကတော့ ထွက်လာ ရင် တိုက်ကြဖို့ စောင့်နေ ကြတာ၊ ရွာထဲက တချို့အိမ်တွေတော့ မီးရှို့ခံထား ရတယ်၊ တိုက်ပွဲကလည်း ၃ ရက်ဆက်တိုက်ဖြစ်ထား တော့ ကျည်ကတော့ လိုနေပြီ၊မိဘ ပြည်သူတွေ အနေနဲ့ ကျည်ဖိုးလေးဝိုင်းဝန်းကူညီပေး ကြပါလို့ မေတ္တာရပ်ခံပါတယ်” ဟု Myingyan Black Tiger (MBT) မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အရေးပေါ်ကျည်ဆန်ရရှိရေးအတွက် ကူညီပေးမည့် ပြည်သူများအနေဖြင့် တပ်ဖွဲ့ လူမှုကွန်ရက် စာမျက်နှာ https://web.facebook.com/profile.php?id=100090957664661 မှတစ်ဆင့် ကူညီထောက်ပံ့နိုင် ကြောင်း သိရှိရသည်။

တိုက်ပွဲ ၃ ရက်အတွင်း Myingyan Black Tiger (MBT) မှ စခန်းတစ်ခု သိမ်းပိုက်ခံထားရပြီး ဆုံးရှုံး ထားမှုများရှိကြောင်း၊ ထိခိုက် ဒဏ်ရာရ ရဲဘော်တစ်ဦးမှာလည်း စိုးရိမ်ရ အနေအထားဖြင့် ဆေးကု သမှုခံယူ နေရ ကြောင်း၊ ဒေသနေပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင် နေရ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article