30 C
Yangon

ရွှေကူတွင် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်အောင် သေဆုံး၊ ပုလောမြို့နယ်၊ နန်းတောင်ရှိ စစ်တပ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရွှေကူတွင် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်အောင် သေဆုံး၊ ပုလောမြို့နယ်၊ နန်းတောင်ရှိ စစ်တပ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၅

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် KIA၊ PDF ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ ၂ ရက်ဆက် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်တပ်ဘက်မှ ဒုတပ် ရင်းမှူး ဗိုလ်မှူးအောင်အောင် သေဆုံးသွားကြောင်း ဒေသသတင်း ရင်းမြစ်များ ထံမှ သိရှိရသည်။

မတ်လ ၂၃ ရက်နေ့တွင် ရွှေကူမြို့နယ်၊ စီးမော်ရွာ၌ KIA၊ PDF ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ် (ခလရ ၇၇၊ တမခ ၈၈/ရေနံချောင်း) တို့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူးဖြစ်သူ စစ်ကြောင်းမှူး အောင်အောင် ဒဏ်ရာအပြင်းအထန်ရရှိသေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၂၄ ရက်နေ့တွင်လည်း ရွှေကူမြို့နယ်၊ နောင်လက်ကြီးနှင့် နန့်လန်ရွာ တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် ငှက်တံတားရွာတွင်လည်း အကြမ်း ဖက် စစ်တပ်နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ နန်းတောင်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံး ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PRDF) ထံမှ သိရသည်။

မတ်လ ၂၂ ရက်နေ့နေ့လည် ၁၂ နာရီခန့်က ပုလောမြို့နယ်၊ နန်းတောင်ရှိ အကြမ်းဖက် စစ်တပ်စခန်းကို ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PRDF) နှင့် မဟာမိတ်များပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက် ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

မတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်စစ်သားမှ မှော်မိကျေးရွာအတွင်းသို့ ဝင် ရောက် လာပြီး နန်းတောင် နှင့်မှော်မိကျေးရွာကြားရှိ ရာဘာတောများကို အကြောင်းမဲ့သက်သက် မီးရှို့ဖျက်ဆီးကာ ပြန်လည်ဆုတ် ခွာသွားကြောင်း၊ ယင်းအကြမ်း ဖက်စစ်သားများကို မတ်လ ၂၄ ရက်နေ့တွင် ပုလောကုန်း ကျေးရွာ အနီး၌ ပူရိယက္ခစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ခဲ့ရာ PRDF ၊ KNDO စုပေါင်း မဟာမိတ်တပ်များမှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချကာ စစ်ကူပေး သော်လည်း ဗုံးသီးပေါက်ကွဲမှု မရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲမှာ မွန်းလွဲ ၂ နာရီခန့်မှ ညနေ ၅ နာရီခန့်အထိ ပြင်းထန်ခဲ့ပြီး အကြမ်း ဖက်စစ်သား ထိခိုက် သေဆုံးမှုအခြေအနေ မသိရကြောင်း၊ အကြမ်း ဖက် စစ်တပ်မှ နတ်အိမ်တောင်ကျေးရွာရှိနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွား ကြောင်း သိရသည်။

ဓာတ်ပုံ- မွန်ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုမြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article