25 C
Yangon

မဘိမ်းမြို့နယ်၊ ချောင်းဝရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြား

Must read

ရန်ကုန်၊ မေ ၁၇

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ ချောင်းဝရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဝကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

“၁၆ ရက်နေ့ ည ၁၁ နာရီခွဲ လောက်က ချောင်း၀ကျေးရွာကို စစ်တပ်က လေယာဥ် ၃ စီးနဲ့ ဗုံးလာချသွားတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး။ ညကြီးကို လာချတာပါ။ ပြည်သူတွေလည်း တိမ်းရှောင်ချိန် မရလိုက်ဘူး။ အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေတာ အမျိုးသား ၁ ဦး လက်ပြတ်ပြီး ကလေး ၂ ဦးခြေပြတ်တယ်လို့တော့ ကြားထားတယ်။ ထိခိုက်ဒဏ်ရာရတာများနိုင်တယ်။ ပြည်သူတွေ ပြေးချိန် မရလိုက်ဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article