38 C
Yangon

ဖက်ဆစ်တော်လှန်ရေးနေ့ ရန်ကုန်တိုင်း၊ သာကေတ၊ အင်းစိန်နှင့်မြောက် ဒဂုံမြို့ နယ်များတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ

Must read

ဖက်ဆစ်တော်လှန်ရေးနေ့ ရန်ကုန်တိုင်း၊ သာကေတ၊ အင်းစိန်နှင့်မြောက် ဒဂုံမြို့ နယ်များတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ

ရန်ကုန်၊ မတ် ၂၇

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ သာကေတမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့ နယ် များတွင် ယနေ့ ဖက်ဆစ်တော်လှန်ရေးနေ့တွင် ဗုံးများပေါက်ကွဲ ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၂၇ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန် ဒဂုံမြို့သစ်မြောက် ပိုင်းမြို့ နယ်တွင် ဗုံးပေါက်ကွဲသံ ၂ ချက်ကြားရပြီး ပေါက်ကွဲမှုနှင့်အတူ နေအိမ်များပါ တုန်ခါသွားကြောင်း သိရှိရသည်။

“ဒီမနက် ၂ နာရီ ၁၅ မိနစ်အချိန်မှာ ဗုံးပေါက်တာ အသံက အတော်ကို ကျယ် တယ်။ မြေကြီးတွေ အိမ်တွေတောင် တုန်သွားတယ်။ ရှော့တိုက်ဒုံး ပစ်တာ လားလို့တောင် ထင်မိတယ်။ ဘယ်နေရာမှာ ပေါက်တာလဲတော့ သေချာ မသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ မတ် ၂၇ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန် သာကေတမြို့နယ်၊ ၇ စျေးလမ်းမပေါ်တွင်လည်း ယနေ့ နံနက်ပိုင်း ပေါက်ကွဲမှုဖြစ်ပေါ်ပြီး အကြမ်းဖက် စစ်တပ်နှင့်ရဲများက လာရောက် စစ်ဆေးမှုများရှိကြောင်း သိရှိရသည်။

ထို့ပြင် အင်းစိန်မြို့နယ်အတွင်းတွင်လည်း ယနေ့ နံနက် ၇ နာရီ ၅၅ မိနစ်အချိန် ဗုံးပေါက်ကွဲသံအလွန်ကျယ်လောင်စွာ ကြားရကြောင်း ရန်ကုန် ကင်းထောက် Eagles News က သတင်းဖော်ပြသည်။

“ဗုံးပေါက်သံတော့ကြားလိုက်တယ်။ နေရာတော့ အတိအကျ မသိပါဘူး။ ဗုံး ပေါက် တာတော့ ဟုတ်တယ်။ ” ဟု အင်းစိန်မြို့နယ်၊ မျိုးချစ်လမ်းတွင် နေထိုင် သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်သားများ။ (ပုံအ ဟောင်း ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article