30 C
Yangon

ဖက်ဆစ်တော်လှန်ရေးနေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်၏ ခေါင်းပြတ်ပုံစံ အစီအရင် များပြုလုပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား

Must read

ဖက်ဆစ်တော်လှန်ရေးနေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်၏ ခေါင်းပြတ်ပုံစံ အစီအရင် များပြုလုပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား

ရန်ကုန်၊ မတ် ၂၇

အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင်ဖြစ်သော မင်းအောင်လှိုင်၏ ခေါင်းပြတ်ပုံစံ အစီအရင်များကို ပြုလုပ်ကာ ၄င်း၏မွေးနေ့နံထောင့်၊ အမှိုက်ပုံသရိုက် များကြားနှင့် နေ၀င်ချိန်တစ်ခုတို့တွင် သွားရောက်ချထား နင်းချေသော အစီအရင်များကို YRF က လုပ်ဆောင်ခဲ့သည်၊၊

ယနေ့ ကျရောက်သည့် ဖက်ဆစ် တော်လှန်ရေးနေ့ ( အာဏာရူးစစ်တပ်က ပြောင်းလဲခေါ်ဆိုသော တပ်မတော်နေ့ ) တွင်လည်း အကြမ်းဖက်စစ်အုပ်စုနှင့်အပေါင်းအပါတို့ အူလှိုက်သည်းလှိုက် ကြောက်ရွံ့တတ်သော ကျိန်စာတိုက်အစီအရင်များကို YRF မှ ရဲဘော်များက လုပ်ဆောင်ခဲ့ကြသည် ။

ထိုအစီအရင်များသည် ယနေ့တွင် စစ်ကောင်စီတပ်သားများ နေပြည်တော်တွင် ပြုလုပ်နေသည့် ၄င်းတို့အခေါ် တပ်မတော်နေ့ အခမ်းအနားများနှင့် ၄င်းတို့စစ်တပ်၏ ကျဆုံးချိန်၊ နေ၀င်ချိန်ကို ရည်ရွယ်ကာ စီမံလုပ်ဆောင်ထားခြင်းဖြစ်သည်။

ခေတ်ကိုပြောင်းချင် ခေါင်းကိုပစ်ဟုသော ယတြာဖြင့် လက်နက်မဲ့ဆန္ဒပြပြည်သူများ ရက်စက်စွာ အကြမ်းဖက်နှိမ်နင်းစေခဲ့သော အကြမ်း ဖက် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခေါင်းပြတ်ပုံသဏ္ဍန်အစီအရင်ပစ္စည်းကို တတ်ကျွမ်းနားလည်သည့် ပညာသည်များ၏ အကူအညီဖြင့် YRF မှ ပြုလုပ်ခဲ့ကြသည် ။

ထိုအစီအရင်ပစ္စည်း မင်းအောင်လှိုင် ခေါင်းပြတ်ကို အကြမ်းဖက်စစ်တပ်ကြောင့် ကျဆုံးသွားသည့် ပြည်သူကိုးဦးတို့ကို မြှုပ်နှံ့ထားသည့် နေရာများမှ မြေမှုန်များဖြင့် ကိုရက် ကိုးညတိုင်တိုင် အဓိဌာန်ပြု စီရင်ထားခြင်းဖြစ်သည် ။

အဆိုပါ မင်းအောင်လှိုင် ခေါင်းပြတ်ကို မင်းအောင်လှိုင်၏ မွေးနံထောင့်တွင် န၀င်းကိုက်ထားရှိ၍ ကျိန်စာတကာ့ကျိန်စာတို့တွင် အကြမ်းဆုံးဟု ဆိုကြသော မင်းနန်သူကျိန်စာ အစီအရင်ဖြင့် သက်စေ့ ရွတ်ဖတ်ကျိန်ဆိုခဲ့ကြသည် ။

ထို့နောက် နေ၀င်အချိန်တစ်ခုတွင် ထို မင်းအောင်လှိုင်ခေါင်ပြတ်ကို မင်းအောင်လှိုင်နှင့် ဓာတ်တူနံသက်တူသောအရပ်ရှိ အမှိုက်ပုံတစ်ခုတွေ သွားရောက် ချထားကာ အညာမှဒေသခံပြည်သူတစ်ဦးကဲ့သို့ ၀တ်စားထားသော YRF ရဲဘော် တစ်ဦးက ခုံဖိနပ်ဖြင့် နင်းချေ၍ အစီအရင်ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည် ။

ယခုကဲ့သို့လုပ်ဆောင်ခြင်း၏ရည်ရွယ်ချက်မှာ အညာတွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးမီးရှို့သတ်ဖြတ်ခြင်း ခံနေရေသော အညာပြည်သူများ၏ ခံစားနေရသော ခံစားချက်များ၏ အဆပေါင်းများစွာကို ၄င်းတို့ပြန်ခံစားစေရန်ရည်ရွယ်ခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် အကြမ်းဖက်စစ်တပ်၏ ရက်စက်မှုများကို ပြည်သူတစ်ရပ်လုံးက နေ့စဥ်နှင့် အမျှ ခံစားနေရသည်။ ပြည်သူအများအပြားသည်လည်း ၄င်းအကြမ်းဖက်စစ်တပ် ပြုတ်ကျရေးအတွက် အင်အားကောင်းစွာဖြင့် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲ၀င်နေကြသည်။ ပြည်သူတစ်ရပ်လုံးသည် စစ်အုပ်စု၏ ကျဆုံးနေ၀င်ချိန်ကို ၀မ်းသာအားရ စွာဖြင့် ကြည့်ရှုရန်အတွက် စောင့်စားနေကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article