35 C
Yangon

ရွှေဘိုတွင် စစ်ကောင်စီ တပ်သားများကို ၄ ကြိမ် ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြင်းမူတွင် တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရွှေဘိုတွင် စစ်ကောင်စီ တပ်သားများကို ၄ ကြိမ် ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြင်းမူတွင် တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၄ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း ရွှေဘိုခရိုင်အမှတ်၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေဘိုတောင်တံခါး အထွက် မူးတံတားပေါ်တွင် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို ပဒေသာပါဆယ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၄ နာရီခန့်တွင် မြို့ရှောင်လမ်း၌ ပတ်ကင်းထွက်လာသော mark 2 ကား ၁ စီးကို ခွေးကားကို လက်ပစ်မိုင်း ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညနေ ၄ နာရီ ၁၅ မိနစ်တွင် စိုက်ပျိုးရေးရုံးတွင် အစည်းဝေး ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်သားများ စိုက်ပျိုးရေးရုံးအရှေ့ ထွက်လာစဥ် ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့​ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေလီထွန်း ဘီယာဆိုင်သို့ လာရောက်သည့် စစ်သားများကို ဆိုင်ရှေ့တွင် ပါဆယ်မိုင်းဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“Mission ၄ ခုမှာ ကျန်နေရာ ၃ နေရာက ခွေး အထိအခိုက်အကျအဆုံးကိုတော့ စိစစ်ဆဲဖြစ်တယ်။ စိုက်ပျိုးရေးရုံးက စစ်ခွေးတွေကို ဖောက်ခွဲ တိုက်ခိုက်တာတော့ ၁ ကောင်သေတယ်” ဟု ရွှေဘိုခရိုင်အမှတ်၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း အမှတ် ၂၃ တပ်ခွဲ ၁ Naungyoe Army၊ ရွှေဘိုကျားကြီးနှင့် G fatt Army တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြင်းမူမြို့နယ်၊ ဘိုးမင်းကျီးကင်း ကျေးရွာ၌ အထိုင်ချ တပ်ဆွဲထားသော စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People ‘s knight Defense Force Myinmu မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ ညနေ ၂ နာရီ ၄၄ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဘိုးမင်းကျီးကင်းကျေးရွာ၌ အထိုင်ချ တပ်ဆွဲထားသော စစ်သားများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြာင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People ‘s knight Defense Force Myinmu၊ Black Eagle Defence Force (MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊ ၊ D.B.B.F-MMU တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article