37 C
Yangon

တောင်သာ၊ ရုံးစည်ကြီးရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ရေး-ထားဝယ် လမ်းပိုင်းတွင် စစ်တပ် ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သားများက ပြန်လည်ပစ်ခတ်သောကြောင့် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး ကျည်ထိမှန်

Must read

တောင်သာ၊ ရုံးစည်ကြီးရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ရေး-ထားဝယ် လမ်းပိုင်းတွင် စစ်တပ် ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သားများက ပြန်လည်ပစ်ခတ်သောကြောင့် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး ကျည်ထိမှန်

ရန်ကုန်၊ မတ် ၂၈

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ရဲများသေဆုံးနိုင်ပြီး ရုံးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း Myingyan District Drone Strike Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့မတ်လ ၂၇ ရက် ည ၁၀ နာရီကျော်က ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အဆိုပါ ရုံးစည်ကြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများလည်းထိခိုက်သေဆုံးမှုရှိနိုင်ပြီး ရုံးအဆောက်အဦများထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

“မနေ့ညက စိတ်ဆိုးပြီး တစ်ညလုံးလျှောက်ပစ်နေတာ၊ ဒီနေ့တော့ ရုံးစည်ကြီးရွာထဲနဲ့ ဘေးနားကရွာ တွေကို စစ်ကြောင်းထိုးရှာနေတယ်၊ ည ၁၀ နာရီနောက်ပိုင်းလုပ်ရတာဆိုတော့ Video မှတ်တမ်းတော့မ ရခဲ့ဘူး၊ ခွေးတွေလျှောက်ပစ်နေတဲ့ အသံတွေပဲ ကြားရတယ်” ဟု Myingyan District Drone Strike Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan District Drone Strike အဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊တပ်ရင်း ၃ နှင့် တပ်ရင်း ၄ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဝေဟင်မှ အကြမ်းဖက်စစ်သားများကို အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲများ၊ ၎င်းတို့နေထိုင်ရာ အဆောက်အအုံများနှင့် ဝေးဝေးရှောင်ရှားနေထိုင်ကြရန် သတိပေးထားသည်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းမပေါ် မိုင်တိုင်အမှတ် ၄၁ အနီးတွင် အကြမ်း ဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ရမ်းသမ်းပစ်ခတ်မှု ကြောင့် နေအိမ်အတွင်းဆော့နေသော ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကလိမ်အောင်မြို့ အခြေစိုက် မဟာမိတ်ပူးပေါင်း ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့မတ်လ ၂၈ ရက် နံနက် ၉ နာရီခွဲခန့်က ထားဝယ်မြို့ဘက်မှ ကလိန်အောင်မြို့ဘက်သို့ အရပ်သား ကားများကို အကာအကွယ်ယူကာ မောင်းနှင်လာသော အကြမ်းဖက်စစ်ကား ၅ စီး၏ နောက်ဆုံး ဖော ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရှိန်ဖြင့် မောင်းပြေးသွားသည့်အတွက် အတိအကျမသိရကြောင်း သိရသည်။

ထိုသို့ အရှိန်ဖြင့်မောင်းပြေးသွားပြီး လမ်းတလျှောက်ဘေး ဘယ်၊ ညာ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျောက်ရှပ်ရွာထိပ်နေအိမ်အတွင်း ဆော့ကစားနေသော အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံပို့ဆောင်ကုသထားရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကလိန်အောင်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPRING DHAMMA PDF)နှင့်ကလိန်အောင်မြို့အခြေစိုက်(SHWE BE LONE PDF) မဟာမိတ်အဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article