31 C
Yangon

ဆားလင်းကြီးတွင် စစ်တပ်ထောက်ခံပွဲ လုံခြုံရေးယူ ပြန်လာသည့် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ယင်းမာပင်၊ ဘန့်ဘွေးရွာမ ပျူစောထီး စစ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်

Must read

ဆားလင်းကြီးတွင် စစ်တပ်ထောက်ခံပွဲ လုံခြုံရေးယူ ပြန်လာသည့် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ယင်းမာပင်၊ ဘန့်ဘွေးရွာမ ပျူစောထီး စစ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်ထောက်ခံပွဲ လုံခြုံရေးယူပြီး ပြန်လာသည့် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံး ခဲ့ ကြောင်း National Revolutionary Guards မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်သူရိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန် ဆားလင်းကြီးမြို့ပေါ်မှ စစ်တပ် ထောက်ခံပွဲကို လုံခြုံရေးယူ၍ ပြန်လာသော အင်အား ၁၅၀ ပါစစ်ကြောင်းကို ဆားလင်းကြီးမြို့မြောက်ဖက် နယ်ခြားကျောင်းအနီးတွင် National Revolutionary Guards (NRG/Salingyi) နှင့် Chindwin Dynamite တပ် ဖွဲ့တို့က ပူးပေါင်းကာ ပျောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော်၏ စနိုက်ဘာ (Sniper) လက်ချက်ဖြင့် စစ်သား ၁ ဦး နေရာတွင် သေဆုံးပြီး၊ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး ၊ လက် နက် ငယ်များဖြင့် ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ကြောင်း လက်ပံတောင်းရွာ သို့ ရောက်ရှိတပ်စွဲနေချိန် National Revolutionary Guards (NRG/Salingyi) ၊ Chindwin Dynamite ၊ MPDF တပ်ဖွဲ့တို့မှ ၃ ဖွဲ့ ပူးပေါင်းပြီး ချဉ်းကပ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ချင်းတွင်းမြစ်ကြောင်းမှ စက်လှေနှစ်စီး ချောဆွဲကာ လက်နက် ခဲယမ်း လာဖြည့် သော စက်လှေကိုလည်း လက်ပံတောင်းရွာဘက် ကမ်းသို့ကပ်ချိန်တွင် ‌လက် နက်ငယ်များဖြင့် ပြောက်ကျားစနစ် ဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က လက်နက်ကြီး လက်နက်ငယ် များဖြင့် ဆက်တိုက်ခုခံသဖြင့် မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားနေချိန် စက်လှေဖြင့် အင်းအား ၄၀ ခန့် သည် မြစ်ကမ်းဘေး ရှိ ရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ မုံရွာမြို့ နန်ချွန်ဆိတ်ကမ်းသို့ ဆိုက်ကပ်သွားခဲ့ကြောင်း၊ လက်ပံတောင်းရွာထဲတွင် စစ်အင်အား ၈၀ ခန့် ကျန်ရှိနေကြောင်း သိရှိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုများကို National Revolutionary Guards (NRG/Salingyi)၊ Chindwin Dynamite ၊ MPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ ပျူစောထီး စစ် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသ ပြည်သူ့ ကာ ကွယ်ရေးတပ်ခေါင်းဆောင် ပုလဲဗိုလ်ဂဠုန်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၁ နာရီ အချိန် ယင်းမာပင်မြို့နယ်၊ မုံရွာ-ယာကြီး ကားလမ်းမဘေးတွင်ရှိသည့် ဘန့်ဘွေးရွာမ ပျူစောထီးစခန်းကို လက်နက် ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

“ပျူရွာကိုသွားပစ်တာတာက ဒီနေ့ မနက်ခင်း ၁နာရီ ကနေ မနက်ခင်း ၃နာရီ အချိန် အထိ ပစ်ခဲ့တာ။ ဘာလို့ အဲလိုပစ်ခတ်ရတာလဲဆိုတော့ အဲရွာမှာ စစ်ခွေး‌ တွေ အာဏာသိမ်းပြီး အချိန်ကစလို့ အဲရွာမှာတပ်စွဲနေတယ်။ သူတို့ရိက္ခာ ပြတ် တယ်ဆိုရင် အနီးအနားက နဘူးတောရွာ၊လက်ပံရွာ၊ကံစုရွာ၊တရော်ကျင်း ရွာတွေကို လာပြီး လုယက်ဓါးပြတိုက်တာတွေ လုပ်လို အခုလိုပစ်ခတ်တာဗျ။ စစ်ခွေး အသေအပျာက်ကတော့ အတိကျမသိရသေးဘူး။ စုံစမ်းနေတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး” ဟု ပုလဲဗိုလ်ဂဠုန်က ပြော ဆိုသည်။

ဘန့်‌ဘွေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီနှင့် ပျူစောထီးတပ်များက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘန့်ဘွေးရွာမှ ထန်းတက်သမားတစ်ဦးကို သတ်ဖြတ်ပြီး စားနပ်ရိက္ခာနှင့် ဆိုင်ကယ်များကို လုယက်ယူသွားခဲ့ကြောင်း သိရှိရသည်

ပျူစောထီးစစ်စခန်းကို တိုက်ခိုက်မှုတွင် ပုလဲဗိုလ်ဂဠုန်၊‌ သခင်ဒေါင်းညို၊ ဆရာ စံ၊ ကိုဘသာ စသည့် ဒေသတွင်း တော်လှန်ရေး မဟာမိတ်အဖွဲ့များပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။

Photo- တော်လှန်ရေးရဲဘော်တစ်ဦး၏ ဖေ့ဘုတ်စ်မှ ရယူပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article