37 C
Yangon

မြင်းမူတွင် စစ်ကားကို ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှု များပြား

Must read

မြင်းမူတွင် စစ်ကားကို ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှု များပြား

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းမပေါ်တွင် စစ် ကား တစ်စီးကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း Dog Killers People’s Defense Force Myinmu- DK PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့မတ်လ ၂၉ ရက်နေ့ ည ၉ နာရီ မိနစ် ၄၀ ခန့်က စစ်ကိုင်းမြို့မှ မုံရွာ ဘက် သို့ အကြမ်းဖက်စစ်သား ၄၀ ခန့်ပါ ကားတစ်စီးကို မြင်းမူမြို့နှင့် ဝမ်းပြည့် ကျေး ရွာ အကြား ပထမအကြိမ်မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ ကားရပ်တန့်သွားပြီး ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် ယင်းစစ်ကားကိုပင် ထပ်မံမိုင်းဆွဲ တိုက် ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲခံရပြီး နောက် ရှေ့သို့ ဆက်လက်မောင်းနှင်လာရာ ဝမ်း ပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြား အရောက် ပဒေသာမိုင်းဖြင့် ၄ ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားမှာ ထိထိမိမိထိမှန်ခံရပြီး အကြမ်း ဖက်စစ်သား ၁၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ခွေးတွေက စစ်ကိုင်းကထွက်လာကတည်းက လမ်းတလျှောက်ပစ်လာတာ၊ ပထမ တစ်ကြိမ်ဆွဲတဲ့အချိန် ရပ်ပြီးတော့ ပစ်တယ်၊ ပစ်တဲ့အချိန် မိုင်းထပ် ဆွဲတယ်၊ ခွေးသေဒဏ်ရာရတဲ့သူတွေကို ကားပေါ်တစ်ခါ တည်းတင်သွားတာ၊ မြောင်လမ်းခွဲရောက်တဲ့အချိန်မှာကားက ဆက်မောင်းမရတော့လို့ ခွေးတွေက ဆဲ ဆိုပြီး တွန်းနေကြရတယ်လို့ သတင်းရတယ်” ဟု Dog Killers People’s Defense Force Myinmu- DK PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို People’s Army To Fight Dictatorship (PAFD) တပ်ခွဲ DK PDF-MMU၊ People’s Knight Defense Force Myinmu(PKDF MMU) နှင့် (D.B.B.F-MMU) စသည့်မဟာမိတ် တပ်ဖွဲ့များပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိအောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင်ကင်းလှည့်နေသည့် အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်း ဖြစ်သည်။)

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article