36 C
Yangon

Breaking News- ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းကို PDF တပ်များက တိုက်ခိုက် သိမ်းပိုက်ပြီး စခန်းမှ ရဲများအားလုံး သေဆုံး၊ လက်နက် ခဲယမ်း များသိမ်းဆည်းရမိပြီး စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေ

Must read

Breaking News- ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းကို PDF တပ်များက တိုက်ခိုက် သိမ်းပိုက်ပြီး စခန်းမှ ရဲများအားလုံး သေဆုံး၊ လက်နက် ခဲယမ်း များသိမ်းဆည်းရမိပြီး စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ မတ်လ၃၁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ ဝင်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စခန်းမှ ရဲများအားလုံး သေဆုံးကာ စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေကြောင်း ဒေသကာကွယ်ရေး တပ် များထံမှ သိရှိရသည်။

မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရဲစခန်း ကို ပြည်သူကာကွယ်ရေးအဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများအားလုံးသိမ်းဆည်းရမိကြောင်း၊ စစ်တပ်က ရဟတ်ယာဉ် များဖြင့် စစ်ကူလာရောက်ပြီး ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

” ဒီနေ့ မတ်လ ၃၁ ရက်နေ့ နံနက်ခင်းပိုင်းက စခန်းသိမ်းနိုင်ခဲ့တယ်။ ကျနော် တို့က ကန်ရဲစခန်းကို မနက် ၉ နာရီမှာဝင်တိုက်တယ်။ နံနက် ၁၁ နာရီ လောက် မှာ စခန်းကိုအပြီးသတ်သိမ်းနိုင်ခဲ့တယ်။ ကျနော်တို့ စခန်းသိမ်းပြီး နေ့ခင်း ၁၂ နာရီလောက်ရောက်တော့ မုံရွာ နမခကနေ Mi35 ရဟတ်ယာဉ်၊ လေယာဉ်နဲ့ လာပစ်တာတွေလုပ်တယ်။ ကျနော်တို့ဘက် အထိ အခိုက် အသေဆုံး စစ်ဆေးနေဆဲပဲ ။ စခန်းရှိတဲ့ ရဲတွေ စစ်သားတွေ သူတို့ဘက်က တော့ အကုန်ကျတယ်။လက်နက်နဲ့ခဲယမ်းတွေလည်း အကုန်သိမ်းနိုင်ခဲ့တယ်” ဟု ဒေသခံဗိုလ်မကျည်းခေါင်းဆောင်ကပြောသည်။

ယနေ့ တိုက်ခိုက်သိမ်းပိုက်လိုက်သော ကန်ရဲစခန်းတွင် စစ်ကောင်စီအင်အား ၇၀ ကျော်ရှိပြီး YRA အပါအဝင် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက် ခိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“Mi35 ၂စီး နဲ့ဂျက်ဖိုက်တာ၁ စီး စုစုပေါင်း ၃ စီးနဲ့ ပစ်တာနေတာ။ အခြေ အနေက ဆိုးပါတယ်” ဟု ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article