36 C
Yangon

ခင်ဦးကို စစ်ကြောင်းထိုးခဲ့သည့် စစ်တပ်က ကျေးရွာ ၃ ရွာရှိ နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ရေဦးကို ဆုတ်ခွာ

Must read

ခင်ဦးကို စစ်ကြောင်းထိုးခဲ့သည့် စစ်တပ်က ကျေးရွာ ၃ ရွာရှိ နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ရေဦးကို ဆုတ်ခွာ

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ရွာရှိ နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ရေဦးကို ဆုတ်ခွာသွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၉ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းခဲ့ကြောင်း၊ ဧပြီလ ၂၅ ရက်နေ့တွင် တပင်ကောင်းတောင်ရွာရှိ ပြည်သူပိုင် နေအိမ် ၂၅ လုံး၊ ကံကြီးကုန်းကျေးရွာမှ နေအိမ် ၁ လုံးနှင့် ဧပြီလဟ၂၆ ရက်၊ ၂၇ ရက်နေ့တို့တွင် မြို့သစ်ကျေးရွာ အတွင်းရှိ ပြည်သူပိုင်နေအိမ် ၄၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်​​ကြောင်းသည် မြကန်ကျေးရွာအနီးရှိ တောင်ယာလုပ်ကိုင်နေသည့် ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရေဦးဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

” ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးပြီး ရွာ ၃ ရွာက နေအိမ် ၅၀၀ ကျော်ကို မီးရှို့သွားတဲ့ စစ်ခွေးတွေက ရေဦးဘက်ကို ပြန်ဆုတ်သွားပြီ ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းသွားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

သို့သော် ခင်ဦး-ကန့်ဘလူ မြို့နယ်အစပ်ရှိ တင်ငုတ်ကြီး၊ တရောကိုင်း၊ အလယ်ရှို၊ ယောက်သွားအိုင်၊ ရေရှင် ရွာဘက်များတွင် စစ်ကြောင်း ၁ ကြောင်းနှင့် ကန့်ဘလူမြို့နယ်ရှိ မဟာမြိုင်ဆရာတော်ဘုရားကြီးကျောင်းအရှေ့ဘက် ကဘွက်အုံရွာနှင့် မယ်စပ်တော အကြား ကျောက်အိုးတွင်လည်း စစ်ကြောင်း ၁ ကြောင်းရှိကာ ယင်း စစ်ကြောင်း ၂ ကြောင်းသည် လက်ရှိချိန်ထိ ပြန်လည် ဆုတ်ခွာခြင်းမရှိဘဲ လှည့်လည် စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article