30 C
Yangon

ထီးချိုင့်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၂ ဦးကို ပစ်သတ်ကာ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ထီးချိုင့်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၂ ဦးကို ပစ်သတ်ကာ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ဆင်ဖြူဆိပ် အနောက်ရွာနှင့် အရှေ့ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂ ဦးကို ပစ်သတ်ကာ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့တွင် ဆင်ဖြူဆိပ် အနောက်ရွာနှင့် အရှေ့ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ဆင်ဖြူဆိပ် အနောက်ရွာသား ၂ ဦးကို ပစ်သတ်ကာ ဆင်ဖြူဆိပ် အရှေ့ရွာမှ နေအိမ် ၉ လုံး ကျော်နှင့် ဆင်ဖြူဆိပ် အနောက်ရွာမှ နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ဆင်ဖြူဆိပ် အနောက်ရွာနဲ့ အရှေ့ရွာက နေအိမ် ၄၀ ကျော်ကို စစ်ခွေးတွေက မီးရှို့သွားတယ်။ ဆင်ဖြူဆိပ် အရှေ့ရွာသား ၂ ဦးကို ပစ်သတ်သွားတယ်” ဟု ဒေသ ပြည်သူတစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ဆင်ဖြူဆိပ် အနောက်ရွာနှင့် အရှေ့ရွာမှ နေအိမ် မီးရှို့ဖျက်ဆီးခံရသော ပြည်သူများသည် နေထိုင် စားသောက်ရေးနှင့် ပတ်သက်ပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article