28 C
Yangon

သပိတ်ကျင်းမြို့နယ်တွင် ဒဏ်ရာရ စစ်သားများ သယ်လာသည့် ကားတစ်စီးကို ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား

Must read

သပိတ်ကျင်းမြို့နယ်တွင် ဒဏ်ရာရ စစ်သားများ သယ်လာသည့် ကားတစ်စီးကို ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဧပြီ ၂၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ နီကယ်စက်ရုံမှ ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို တင်ဆောင် ပြီး တကောင်းမြို့ဘက်သို့ ဆင်းလာသော အကြမ်းဖက်စစ်ကား တစ်စီးကို ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၁၅ ဦးသေဆုံးခဲ့ကြောင်း တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၉ ရက် နေ့လည် ၁ နာရီ ၃၅ မိနစ်ခန့်က အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထား သော တကောင်းနီကယ်စက်ရုံမှ ဒဏ်ရာရ စစ်သားများကို ၇ မိုင်ဆေးရုံသို့ ပို့ဆောင်ရန် တွဲကားအနီ တစ်စီးဖြင့် အင်အား ၅၀ ခန့်လိုက်ပါပြီး ဆင်းလာစဉ် မြနန္ဒာကျေးရွာအနီးအရောက် ရှေ့ထွက်မိုင်း ၅ လုံး၊ ပဒေသမိုင်း ၇ လုံးဖြင့်လည်းကောင်း၊ ဆက်လက်ပြီး မတောင်ကျေးရွာ အကျော်အတွင် မိုင်း ၂ လုံး လည်းကောင်း ၂ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“နဂိုကတည်းက ဒဏ်ရာတဲ့ကောင်တွေကို ၇ မိုင်ဆေးရုံပို့ဖို့သွားတာ၊ မန္တလေး-ဗန်းမော်လမ်းအတိုင်း ဆင်းလာတာ၊ ပထမအကြိမ်ဆွဲတုန်းက ပြန်တောင်မပစ်နိုင်ဖူး၊ နောက်တစ်ကြိမ်ထပ်ဆွဲတော့ ကားက တော့ အတော်စုတ်ပြတ်သတ်သွားတယ်၊ ဘေးဖရိန်တွေ၊ ဘော်ဘီတွေစုတ်ပြတ်သတ်သွားတာ၊ လမ်း တလျှောက်တော့ အော်ဆဲသွားတယ်၊” ဟု တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတာဝန်ရှိသူ တစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-Tagaung Defense Force၊ လျှပ်စီး ပျောက်ကြားတပ်ဖွဲ့( ရပ်ကျေးပကဖ) နှင့် TBK PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article