33 C
Yangon

ဟားခါး-ထန်တလန် နယ်စပ်၊ သီမစ် လွင်ပြင်ရှိ စစ်တပ် စခန်း ၂ ခုကို သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြားကာ လက်နက်များပါ သိမ်းဆည်းရမိ

Must read

ဟားခါး-ထန်တလန် နယ်စပ်၊ သီမစ် လွင်ပြင်ရှိ စစ်တပ် စခန်း ၂ ခုကို သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြားကာ လက်နက်များပါ သိမ်းဆည်းရမိ

ရန်ကုန်၊ ဧပြီ ၂၇

ချင်းပြည်နယ်၊ ဟားခါး-ထန်တလန် မြို့နယ်အစပ်၊ သီမစ် လွင်ပြင်ရှိ စစ်တပ် စခန်း ၂ ခုကို သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း ဒေသတွင်း သတင်း ရင်းမြစ် ဖြစ်သည့် The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဟားခါး-ထန်တလန် မြို့နယ် အစပ်၊ သီမစ်လွင်ပြင်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်းကုန်း ၃ ခုကို CNA နှင့် CDF ပူးပေါင်း တပ်ဖွဲ့များက တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး တောင်ကုန်း ၂ ခုကို သိမ်းပိုက် ရရှိခဲ့​ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေးဆုံးသူ များပြားခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်၏ လက်နက်ကြီး သိုလှောင်ထားသော အိမ်ကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရသည်။

” စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များတယ်လို့ပဲသိရတယ်။ အရေအတွက်တော့ မသိရသေးဘူး” ဟု The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း CNA ရဲဘော် ဆလိုင်းဂျွန်စမစ် ကျဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article