38 C
Yangon

မကွေးမြို့တွင် ရဲတပ်သား၏ မိန်းမ ဖြစ်သူ ပစ်ခတ်ခံရပြီး သေဆုံး

Must read

မကွေးမြို့တွင် ရဲတပ်သား၏ မိန်းမ ဖြစ်သူ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၃၀

မကွေးမြို့၊ ဘူတာရပ်ကွက်တွင် ရဲမိန်းမ ဖြစ်သူ သန်းသန်းဆင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Magway Guerrilla Warfare တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မကွေးမြို့၊ ဘူတာရပ်ကွက်တွင် ရဲမိန်းမ ဖြစ်သူ သန်းသန်းဆင့်သည် ကွမ်းယာဆိုင်အတွင်း ဖဲရိုက်နေစဥ် Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) က ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော သန်းသန်းဆင့်သည် စစ်သား၊ ရဲများကို အကာ အကွယ်ယူပြီး ပြည့်တန်ဆာ ခေါင်းလုပ်သည့်အပြင် 2D ၊ 3Dရောင်းစားခြင်း၊ စစ်တပ် အမာခံ သတင်းပေး လုပ်ကိုင်ကြောင်း တော်လှန်ရေးအဖွဲ့က ပြောဆိုသော်လည်း ရန်ကုန် ခေတ်သစ်အနေဖြင့် မြေပြင်အခြေအနေ ကို အတည်ပြုနိုင်ခြင်းမရှိပေ။

“မကွေးမြို့ ဘူတာရပ်ကွက်က ရဲမိန်းမ စစ်ခွေး၊ ရဲခွေး သတင်းပေး သန်းသန်း ဆင့် ဆိုကို ကျွန်တော်တို့ ညနေ ၅ နာရီ မိနစ် ၃၀ လောက်က ကွမ်းယာဆိုင်မှာ ဖဲရိုက် နေတုန်း ဖောင်းဒိုင်း ၃ ချက်နဲ့ ပစ်ခတ် ရှင်းလင်းလိုက်တယ်။ Magway Guerrilla Warfare အနေဖြင့် စစ်ခွေး၊ ရဲခွေး ထောက်တိုင် မှန်သမျှ ပစ်ခတ် ရှင်းလင်း သွားမည်ဖြစ်ပြီး စစ်အာ ဏာရှင် စနစ်ဆိုးကျဆုံးသည်အထိ တိုက် ခိုက်ချေမှုန်း သွားမည်ဖြစ်တယ်” ဟု Magway Guerrilla Warfare တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

1 COMMENT

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article