33 C
Yangon

ကျောက်ထု တိုက်ပွဲတွင် စစ်သား ၃၀ ထက်မနည်းသေဆုံးပြီးနောက် စစ် ဘေး ရှောင်စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ စံကျေးရွာမှ သံဃာတစ်ပါးနှင့် စစ် ဘေးရှောင် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွား

Must read

ကျောက်ထု တိုက်ပွဲတွင် စစ်သား ၃၀ ထက်မနည်းသေဆုံးပြီးနောက် စစ် ဘေး ရှောင်စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ စံကျေးရွာမှ သံဃာတစ်ပါးနှင့် စစ် ဘေးရှောင် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွား

ရန်ကုန်၊ ဧပြီ ၂

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့၊ စံကျေးရွာတွင် စစ်တပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃၀ ထက်မနည်း သေဆုံးကာ စစ်ဘေးရှောင်စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ကြောင်း ကျောက် ထု PDF က ပြောသည်။

မတ်လ ၃၀ ရက်နေ့ ဆောမြို့နယ်၊ ကျောက်ထုမြိုု့၊ စံကျေးရွာသို့ စစ်ကြောင်း ထိုးရောက်ရှိနေသော တပ်မ ၇၇ ၊ ၁၀၁ ပူးပေါင်းအင်အား ၁၅၅ ဦး ပါဝင်သော စစ်ကြောင်းကို စံကျေးရွာ၏ အနီး အနောက်မြောက်ဘက် တောင်ပျောက်ကုန်း တွင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်အချိန် လက်နက်ကြီး လက်နက်ငယ်များဖြင့် နှစ်ဖက် အပြင်း အထန် ၂ နာရီခန့်အ‌ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်ဘက်မှ ၁၂၀ မမ များဖြင့် တရစပ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် မတ်လ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်မှ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် စစ်တပ်က လေကြောင်းဖြင့် ၄ ကြိမ်ထက်မနည်း တိုက်ခိုက် ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားစွာဖြင့် စံကျေးရွာဘက်သို့ ဆုတ် ခွာ သွားကြကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်မှ တပ်သား ၃၀ ထက်မနည်းသေဆုံးပြီး အထိနာသော စစ်တပ်က မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် စံကျေးရွာ၏ အနောက်မြောက်ဘက်ရှိ စစ်ဘေးရှောင်စခန်းကို မီးရှို့ကာ စစ်သားများ၏ အလောင်းများကိုလည်း စစ်ဘေးရှောင်စခန်း မီးရှို့၍ ဖျောက်ဖျက်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု PDF ၊ CDF၊ YDF ပူးပေါင်းအဖွဲ့များဘက်မှ အသေးစားထိခိုက်မှုအချို့( မစိုးရိမ်ရ) ရရှိခဲ့ပြီး ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရ သည်။

“စစ်ဘေးရှောင်တွေကတော့ အချိန်မီ ရှောင်တိမ်းလိုက်နိုင်တယ်။ စစ်ဘေး ရှောင် စခန်းတစ်ခုလုံးကတော့ မီးလောင်သွားတယ်။ စစ်ဘေးရှောင်စခန်း တစ်ခု လုံးကတော့ ပြန်ပြီး ထူထောင်ဖို့က အင်မတန်ခက်ခဲပါတယ်။ စံကျေးရွာ ဘုန်းကြီးတစ်ပါးနဲ့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီး သွားပါတယ်။ စစ်တပ်က စံကျေးရွာ ဘုန်းကြီးကို ဖမ်းတာက မတ်လ ၂၈ ရက် နေ့မှာ ဖမ်းတာ။ အခု ထက်ထိ ပြန်မလွှတ်သေးပါဘူး။ မတ်လ ၃၀ ရက်နေ့မှာ ဒေသ ခံ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်” ဟု စစ်ဘေး ရှောင်များ ကို ကူညီနေသူ သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article